Trending Now

ပြည်ထောင်စုလွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ပိုး ရှိ/မရှိ စတင်စစ်ဆေး၊ အစည်းအ‌ဝေးကာလအတွင်း COVID-19 နှင့် ပတ်သက်သည့် ပြည်ပချေးငွေကိစ္စများ အတည်ပြုသွားမည်

Spread the love

ပြည်ထောင်စုလွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ပိုး ရှိ/မရှိ စတင်စစ်ဆေး၊ အစည်းအ‌ဝေးကာလအတွင်း COVID-19 နှင့် ပတ်သက်သည့် ပြည်ပချေးငွေကိစ္စများ အတည်ပြုသွားမည်

EPN
နေပြည်တော်၊ မေ ၁၄

ပြည်ထောင်စုလွှတ်တော်တက်ရောက်မည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များတွင် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ စတင်လုပ်ဆောင်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ယင်းစစ်ဆေးမှုများအား ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်ကြသည့် စည်ပင်ဧည့်ရိပ်သာ (၂)အတွင်း ၌ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မေလ ၁၅ ရက်နေ့အထိ လုပ်ဆောင်သွားမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“စစ်ဆေးရေးအခန်းတွေခွဲထားတယ်။ တစ်ယောက်ချင်းစီ ဝင်စစ်ဆေးခံရတာပါ။ ပထမရက်တွေကတည်းက စစ်ဆေးမယ့် ကိုယ်စားလှယ်တွေကို အမှတ်စဉ်ရယ်၊ အခန်းရယ်၊ အချိန်ရယ် သတ်မှတ်ပေးထားတဲ့ စာရွက်တွေ ဖြန့်ဝေထားတယ်။ ကိုယ်စားလှယ်စိစစ်ရေးကဒ်ယူပြီး သတ်မှတ်ထားတဲ့အချိန်မှာ သွားပြီး စစ်ဆေးခံလိုက်ရုံပါပဲ။ အဓိက ကတော့ နှာခေါင်း နှစ်ပေါက်လုံးကနေ နှာခေါင်းတို့ဖတ်ယူတယ်။ အာခေါင် တို့ဖတ်ယူတယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း သွားခဲ့တဲ့ ခရီးသွား ရာဇဝင်တွေ မေးတယ်။ ဆေးရုံဆေးခန်း တက်ခဲ့ရသေးလား။ တက်ခဲ့ရရင် ဘာရောဂါနဲ့ တက်ခဲ့ရတာလည်း။ အဲဒါတွေမေးတယ်။ ဒီလောက်ပါဘဲ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်းက ပြောပါတယ်။

မေလ ၁၈ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးကာလအတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘတ်ဂျက်ပိုင်းဆိုင်ရာကိစ္စများ၊ COVID-19 နှင့် ပတ်သက်သည့် ပြည်ပချေးငွေကိစ္စများနှင့် ဥပ‌ဒေပိုင်းဆိုင်ရာကိစ္စများအား အဓိက ဆောင်ရွက်သွားမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုပါသည်။

“လွှတ်တော်အစည်းအဝေးကျင်းပတဲ့အခါမှာ အရင်လို တစ်ခုံစီ ထိုင်လို့မရတော့ဘူး။ ပြည်ထောင်စု လွှတ်တော်ဆိုရင် အပေါ်ထပ် လေ့လာသူတွေ ထိုင်တဲ့နေရာအထိကို ခွဲပြီးတော့ ထိုင်ရမှာပါ။ အာဂျန်တာကို ကြည့်ခြင်းအားဖြင့် အာအီးဘတ်ဂျက်ကိစ္စတွေပါမယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စလည်းဖြစ်တယ်။ နောက်တစ်ခုက COVID-19 နဲ့ ပတ်သက်တဲ့ ပြည်ပချေးငွေကိစ္စတွေ လုပ်ရမယ်။ နောက်ပြီးတော့ ဥပဒေ အတည်ပြုတာတွေလုပ်ရမယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောသည်။

COVID-19 ကာလအတွင်း ကျင်းပသည့် လွှတ်တော်အစည်းအဝေးဖြစ်သည့်အတွက် COVID-19 ရောဂါရှိ/မရှိ စစ်ဆေးမှုများအား လွှတ်တော်ကိုယ်စားလှယ်များသာမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ် များနှင့် ထိတွေ့နိုင်သည့် လွှတ်တော်ဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့ဝင်များတွင်လည်း COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အောင်ဆန်းဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။