Trending Now

သံတွဲနှင့် ဂွကားလမ်းတွင် ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုတိုက်မိခဲ့ရာ ဆိုင်ကယ်စီးလာသူ (၂) ဦး သေဆုံး

Spread the love

သံတွဲနှင့် ဂွကားလမ်းတွင် ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုတိုက်မိခဲ့ရာ ဆိုင်ကယ်စီးလာသူ (၂) ဦး သေဆုံး
EPN
သံတွဲ၊ အောက်တိုဘာ ၃
ရခိုင်ပြည်နယ် သံတွဲမြိုနှင့် ဂွမြိုကို ဆက်သွယ်ထားသည့် ကားလမ်း မိုင်တိုင်အမှတ်၊ ၆၅/၄ နှင့် ၆၅/၅ ကြား၊ ဘုရားတောင်ကွေ့တွင် ယမန်နေ့ မွန်းလွဲပိုင်း ကုန်တင်ကားနှင့် ဆိုင်ကယ်တစ်စီးတိုက်မိရာမှ ဆိုင်ကယ်စီးနင်း လာသူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က သံတွဲဘက်မှ အောင်ဆန်းလင်း မောင်းနှင်ပြီး သက်ဇော်လွင် လိုက်ပါလာသည့် FUSO အမျိုးအစား ကုန်တင်ယာဉ်သည် ဂွမြိုဘက်မှ သံတွဲ မြိုဘက်သို မောင်းနှင်လာစဉ် သံတွဲမြိုနှင့် ဂွမြိုကို ဆက်သွယ်ထားသည့် ကားလမ်းမိုင်တိုင်အမှတ်၊ ၆၅/၄ နှင့် ၆၅/၅ ကြား၊ ဘုရားတောင်ကွေ့အရောက်တွင် Honda Dream 125 ဆိုင်ကယ်အား တိုက်မိခဲ့ရာ ဆိုင်ကယ်စီး နင်းလာသူ ၂ ဦးအနက် နိုင်ဝင်းမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး သက်ဇော်လွင်မှာလည်း ဆေး ရုံသို ပိုဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။
သိုဖြစ်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဆန်းလင်းနှင့် သက်ဇော်လွင်တိုကို သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်ထားကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။