Trending Now

အိန္ဒိယကို အမည်ပြောင်းလဲဖို့ ကြိုးစားနေတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ရာလ်ဟူးဂန္ဒီပြော

Spread the love

အိန္ဒိယကို အမည်ပြောင်းလဲဖို့ ကြိုးစားနေတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ရာလ်ဟူးဂန္ဒီပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက နိုင်ငံအမည်ကို “ဘာရတ်” အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တစ်ခုအဖြစ် အတိုက်အခံခေါင်းဆောင် ရာလ်ဟူးဂန္ဒီပြောကြားခဲ့ပါတယ်။

“သူက ဒီအဓိပ္ပာယ်မရှိတဲ့ နိုင်ငံအမည်ကို ပြောင်းချင်နေတယ်” လို့ အနောက်နိုင်ငံရေးသမားတွေနဲ့ အန္ဒိယလူမျိုးစုဝင်တွေကို တွေ့ဆုံဖို့ ဥရောပကို ၅ ရက်ကြာခရီးထွက်နေတဲ့ ဂန္ဒီက ဘရပ်ဆဲလ်မြို့မှာ ပြောကြားခဲ့ပါတယ်။

G20 ထိပ်သီးအစည်းအဝေး တက်ရောက်လာသူတွေကို ညစာဖိတ်ကြားမှုအတွင်း “ဘာရတ်” နာမည်အသုံးပြုဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကြီးမားတဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်ပွားခဲ့ပြီး စနေနေ့က ထိပ်သီးအစည်းအဝေး စတင်ချိန်မှာလဲ မိုဒီက အိန္ဒိယအစား “ဘာရတ်” ကို အသုံးပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ဂန္ဒီကတော့ ဝန်ကြီးချုပ်မိုဒီရဲ့ ကွဲပြားတဲ့ နည်းဗျူဟာတစ်ခုအဖြစ် ပြောဆိုခဲ့ပါတယ်။

“မစ္စတာ ဂေါ်တန်အဒ်နီ နဲ့ နာတာရှည် အရင်းရှင်စနစ်ပြဿနာကို ထုတ်ဖော်လိုက်တိုင်း ဝန်ကြီးချုပ်ဟာ သိသိသာသာ ပြောင်းလဲသွားတဲ့ နည်းဗျူဟာအသစ်နဲ့ ထွက်လာတာ စိတ်ဝင်စားစရာကောင်းပါတယ်” လို့ ဂန္ဒီက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်မိုဒီဟာ စက်မှုလုပ်ငန်းရှင်ကြီးတွေကို မျက်နှာသာပေးတယ်လို့ ဂန္ဒီက စွပ်စွဲခဲ့ပြီး ငွေကြေးချိုးဖောက်မှုတွေနဲ့ Adani Group ကို ထိန်းချုပ်ထားတဲ့ ဘီလီယံနာ ဂေါ်တန်အဒ်နီကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

မစ္စတာ အဒ်နီဟာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ နီးစပ်သူလို့ ယူဆရပြီး သူဟာ နိုင်ငံရေးဆက်ဆံမှုကနေ အကျိုးအမြတ်ရရှိခဲ့တယ်လို့ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ စွပ်စွဲမှုကို ကာလရှည်ကြာ ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေကို လည်ပတ်နေတဲ့ Adani Group ဟာ သူတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေကို မြှင့်တင်ဖို့နဲ့ အခွန်တိမ်းရှောင်ဖို့အတွက် ကမ်းလွန်အခွန်ဆိပ်တွေကို အသုံးပြုခဲ့တယ်လို့ မကြာသေးမီက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

ဒေါ်လာမီလီယံပေါင်းများစွာ အခွန်တိမ်းရှောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Adani Group သတင်းတွေဟာ အိန္ဒိယကို အမည်ပြောင်းလဲအသုံးပြုထားတဲ့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ သတင်းတွေနဲ့ ဖုံးလွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။