Trending Now

ကချင်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာကျော် အသုံးပြုထား

Spread the love

ကချင်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာကျော် အသုံးပြုထား

EPN
မြစ်ကြီးနား၊ ဇွန် ၄

ကချင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပြည်နယ်ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့မှ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် အသုံးပြုထားပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အဆိုပါ အသုံးစရိတ်များအား ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ လိုအပ်သည့် ပစ္စည်းများနှင့် တရုတ်-မြန်မာ နယ်စပ်ဂိတ် များရှိ Quarantine Center များ၌ လိုအပ်သည့် အဆောက်အဦ၊ စောင်၊ ခေါင်အုံး စသည့် လိုအပ်သည့် နေရာများတွင် အသုံးပြုလျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“COVID-19 ပတ်သက်လို့ အသုံးစရိတ်ဆိုရင်တော့ အစိုးရအနေနဲ့ မဟုတ်ဘဲ ကျွန်တော်တို့ ပြည်နယ် ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့မှကနေပြီး အခုထိဆိုရင်တော့ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ဖိုး အသုံးပြုထားပါတယ်” ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဆိုသည်။

ကချင်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့အနေနှင့် အလှူရှင်များမှ လှူဒါန်းထည့်ဝင်ငွေ စုစုပေါင်း ကျပ်သိန်း ၄၅၀၀ ကျော် ရရှိထားကြောင်းနှင့် လက်ရှိ အသုံးစရိတ် စုစုပေါင်း ကျပ်သိန်း ၁၃၀၀ ကျော် ရှိပြီး ကျပ်သိန်း ၃၂၀၀ ကျော် ကျန်ရှိကြောင်း သိရသည်။

ထို့အပြင် “ COVID-19 ကာလမှာ နယ်စိပ်ဂိတ်ဖြစ်တဲ့ ကန်ပိုင်တီလို နေရာတွေ အတွက် ခေါင်းအုံး၊ စောင်တွေ ဝယ်ပေးတာရှိတယ်၊ လွယ်ဂျယ်မှာလည်း တဲတွေ ထပ်ဆောက်ပေးတာရှိတယ်၊ စာသင်ကျောင်းတွေနဲ့ မလုံလောက်တော့ လေးရာ့ငါးဆယ်စာ တဲတွေ စောင်၊ ခြင်ထောင်တွေ လုပ်ပေးတယ် နောက် မြစ်ကြီးနား ဆေးရုံတို့၊ တက္ကသိုလ်တို့၊ သားဖွားသင်တန်းကျောင်းတို့မှာရော အကုန်လုံးဝယ်ပေးခဲ့တာပေါ့နော် နောက်ပြည်တော်ပြန်တွေကိုလည်း တခြားပြည်နယ်နဲ့ တိုင်းတွေကို ပြန်ရမယ်ဆိုရင် ကားစက်သုံးဆီဖိုး၊ သူတို့ လမ်းမှာ စားသောက်လို့ အဆင်ပြေအောင် ထမင်းဗူးနဲ့ ရေသန့်ဗူးတွေ ဝယ်ပေးတာ အဲ့လိုအသုံးစားရိတ်တွေ အားလုံး ပါပါတယ်” ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်တွင် COVID-19 ထိန်းချုပ်ရေးအတွက် Home Stay အပါအဝင် Quarantine ဝင်ရောက်ခဲ့သူ စုစုပေါင်း လူဦးရေ နှစ်သောင်းကျော်ရှိခဲ့ပြီး၊ Home Stay နှင့် Quarantine ရက်ပြည့်၍ နေရပ်ပြန်သူ ဦးရေ တစ်သောင်းငါးထောင်ကျော်ရှိကာ လက်ရှိ တစ်ပြည်နယ်လုံးတွင် Quarantine ဝင်နေသူ ဦးရေ (၄၈၀၀)ကျော် ကျန်ရှိနေသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။