Trending Now

တနိုင်းမြို့တွင် ရပ်ထားသည့်ကားအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

Spread the love

တနိုင်းမြို့တွင် ရပ်ထားသည့်ကားအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်တွင် ရပ်ထားသည့်ကားအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ခဲ့ရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၁ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆွပ်ငိုင်ရပ်ကွက် တနိုင်း – မိုင်ခွန်သွားလမ်းရှိ ဆွမ်ပရာစားသောက်ဆိုင်အနီး သစ်များတင်ထားသည့် ကားတစ်စီးမှာ ပျက်နေသည့်အတွက် ‌လမ်းဘေးတွင်ရပ်ထားခဲ့ရာ ၎င်းကားကို တနိုင်းဘက်မှ စီးနှင်းလာသည့် ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ကားကပျက်နေလို့ လမ်းဘေးမှာ ရပ်ထားတာ။ အဲ့လိုရပ်ထားတဲ့ကားကို ဆိုင်ကယ်နဲ့ ဝင်တိုက်တာပေါ့။ ဆိုင်ကယ်မောင်းတဲ့သူကတော့ သေသွားတယ်။ အနောက်လိုက်စီးတဲ့ တစ်ယောက်လည်း ဒဏ်ရာပြင်းထန်တယ်လို့ ပြောတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရပ်ထားသည့်ကားကို ဝင်တိုက်သည့် ဆိုင်ကယ်သမားနှစ်ဦးမှာ တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်ရှိ ဆင်သခင်မှ ဆင်မောင်းသူနှစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ဥပဒေအတိုင်း ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။