Trending Now

စီတာပူ ကုန်တင်ကုန်ချ ကားကွင်းအနီး လူငယ်အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

စီတာပူ ကုန်တင်ကုန်ချ ကားကွင်းအနီး လူငယ်အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား၊ မေ ၂၅

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဆွတ်နိုင်မြောက်နယ်မြေ၊ ကုန်တင်ကုန်ချ ကားကွင်း အနီးတွင် အမျိုးသားတစ်ဦးအား အမည်မသိ သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၃၀ ခန့်အရွယ် လူငယ် အမျိုးသား တစ်ဦးဖြစ်ကြောင်းနှင့် သေနတ်ဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်း ယင်းပတ်ဝန်းကျင် နေထိုင်သူ တစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“နေ့လယ် တစ်နာရီလောက်က ဖြစ်သွားတာ ဟုတ်တယ်၊ သေနတ်သံကြားလိုက်တယ်၊ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က အနီးကပ် ပစ်သွားတာလို့ အနားက လူတွေက ပြောနေကြတယ်၊ သေတဲ့သူက လူငယ်အမျိုးသား တစ်ယောက်ပါ၊ ညာဘက် နားထင်ဘက်မှာ သေနတ်ဒဏ်ရာ တစ်ချက် တွေ့ရတယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူသည် မြစ်ကြီးနားမြို့သို့ အလုပ်ကိစ္စဖြင့် လာရောက်နေသည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ရွာ‌နေသူ မောင်မုတ်လုံးနော် ဆိုသူ ဖြစ်ကြောင်းနှင့် ၎င်းသည် မြစ်ကြီးနားမြို့ပေါ်ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေသူ ဖြစ်ကာ အပြင်ထွက်စဉ် ယခုကဲ့သို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု စုံစမ်း သိရသည်။

ယင်းသေဆုံးသူ အား လူမှုကူညီရေး အသင်းတစ်ခုမှ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြတ်မင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။