Trending Now

ပခုက္ကူမြို့က ကိုယ်ပိုင်အထက်တန်းကျောင်းနားမှာ မိုင်းတွေ ထောင်ထားလို့ သက်ဆိုင်ရာက သွားရောက် ရှင်းလင်းပေးရ

Spread the love

ပခုက္ကူမြို့က ကိုယ်ပိုင်အထက်တန်းကျောင်းနားမှာ မိုင်းတွေ ထောင်ထားလို့ သက်ဆိုင်ရာက သွားရောက် ရှင်းလင်းပေးရ

EPN
ပခုက္ကူ၊ ဧပြီ ၄

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးက ကိုယ်ပိုင်အထက်တန်းကျောင်း ဝန်းကျင်မှာ အကြမ်းဖက်သမားတွေက ထောင်ထားတဲ့ မိုင်းတွေ တွေ့ရတယ်ဆိုပြီး ဧပြီ ၃ ရက်၊ မနေ့က မနက်ပိုင်းက အကြောင်းကြားလာတဲ့ အတွက် မိုင်းရှင်းလင်းရေး အဖွဲ့တွေက လာရောက်ရှင်းလင်းပေးခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

“မိုင်းတွေတွေ့ရတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက ” ဧရာဂုဏ်” အထက်တန်းကျောင်းဖြစ်တယ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေနေတဲ့ ကျောင်းသား ကျောင်းသူနဲ့ ကျောင်းသားမိဘတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ်တာဖြစ်နိုင်တယ် ” လို့ ကျောင်းသား မိဘတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် “လက်လုပ်မိုင်း ၄ လုံး တွေ့ရလို့ သက်မဲ့ လုပ်ပြီး ရှင်းလင်းဖယ်ရှားခဲ့ရတယ် ” လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့အချိန် စစ်ကိုင်းတိုင်း ကောလင်းမြို့ ၊ မြောက်အင်း အလယ်တန်းကျောင်းထဲကို အကြမ်းဖက်သမားတွေက လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ် နှောက်ယှက်ခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။