Trending Now

အင္းေတာ္ၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္တစ္စီးေပၚမွ က်ပ္သိန္းေပါင္း ၁ေသာင္းေက်ာ္ခန္႕ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

Spread the love

အင္းေတာ္ၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္တစ္စီးေပၚမွ က်ပ္သိန္းေပါင္း ၁ေသာင္းေက်ာ္ခန္႕ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

EPN
အင္းေတာ္၊ ဧၿပီ ၂၇

စစ္ကိုင္းတိုင္းေဒသ၊ အင္းေတာ္ၿမိဳ႕နယ္ နဘားလမ္းဆုံတြင္ ကုန္မ်ဳိးစံုတင္ေဆာင္လာေသာ ယာဥ္တစ္စီးေပၚမွ က်ပ္သိန္းေပါင္း ၁ေသာင္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိေၾကာင္း ကသာမူးယစ္တပ္ဖြဲ႕စု(၆)မွ သိရသည္။

ဧၿပီ(၂၆)ရက္ေန႔ နံနက္ပိုင္းက ကသာမူးယစ္တပ္ဖဲြ႕စု ၆ မွ လွည့္ကင္းေဆာင္ရြက္ေနစဥ္ မႏၲေလးဘက္မွ ေမာင္းႏွင္လာေသာ ယာဥ္ေမာင္း ျမင့္ေဇာ္ဦး(ခ)မ်ိဳးေဇာ္ဦး ေမာင္းႏွင္ၿပီး မင္းမင္းဦး(ခ)မင္းဦးႏွင့္ ငုဝါလွဳိင္တို႔ လိုက္ပါလာသည့္ ကုန္မ်ဳိးစုံသယ္ေဆာင္လာသည့္ေမာ္ေတာ္ယာဥ္ေပၚမွ ဘိန္းျဖဴ ဆပ္ျပာခြက္ ၈၃၆ ခြက္ႏွင့္ စိတ္ၾကြေဆးျပား ၄၅၇၅၀ျပား စုစုေပါင္းကာလတန္ဖိုး (၁,၀၆၄,၇၅၀,၀၀၀)က်ပ္ခန္႔ ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိ္ေသာ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ယာဥ္ေပၚပါရိွသူ ယာဥ္ေမာင္းျမင့္ေဇာ္ဦး (ခ)မ်ဴိးေဇာ္ဦး၊ မင္းမင္းဦး(ခ)မင္းဦး၊ ငုဝါလိႈင္တို႔ကုိ မယ(ပ) ၄၆/၂၀၁၉၊ ၁၉(က)/၂၁-တို႔ျဖင့္ အမူ႕ဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း အင္းေတာ္နယ္ေျမရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးသက္တင္ဦးက ေျပာသည္။

မိုးျမင့္

——————————————
အင်းတော်မြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁သောင်းကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
အင်းတော်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသ၊ အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် ကုန်မျိုးစုံတင်ဆောင်လာသော ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၁သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကသာမူးယစ်တပ်ဖွဲ့စု(၆)မှ သိရသည်။

ဧပြီ(၂၆)ရက်နေ့ နံနက်ပိုင်းက ကသာမူးယစ်တပ်ဖွဲ့စု ၆ မှ လှည့်ကင်းဆောင်ရွက်နေစဉ် မန္တလေးဘက်မှ မောင်းနှင်လာသော ယာဉ်မောင်း မြင့်ဇော်ဦး(ခ)မျိုးဇော်ဦး မောင်းနှင်ပြီး မင်းမင်းဦး(ခ)မင်းဦးနှင့် ငုဝါလှိုင်တို့ လိုက်ပါလာသည့် ကုန်မျိုးစုံသယ်ဆောင်လာသည့်မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ဆပ်ပြာခွက် ၈၃၆ ခွက်နှင့် စိတ်ကြွဆေးပြား ၄၅၇၅၀ပြား စုစုပေါင်းကာလတန်ဖိုး (၁,၀၆၄,၇၅၀,၀၀၀)ကျပ်ခန့် ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့်အတူ ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းမြင့်ဇော်ဦး (ခ)မျိူးဇော်ဦး၊ မင်းမင်းဦး(ခ)မင်းဦး၊ ငုဝါလှိုင်တို့ကို မယ(ပ) ၄၆/၂၀၁၉၊ ၁၉(က)/၂၁-တို့ဖြင့် အမူ့ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း အင်းတော်နယ်မြေရဲစခန်းမှ စခန်းမှူးဒုရဲမှူးသက်တင်ဦးက ပြောသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။