Trending Now

မိုးညှင်းမြို့တွင် ကုန်တင်ယာဉ်တစ်စီး‌ပေါ်မှ ကျပ်သိန်းနှစ်သောင်းခွဲနီး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့တွင် ကုန်တင်ယာဉ်တစ်စီး‌ပေါ်မှ ကျပ်သိန်းနှစ်သောင်းခွဲနီး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ဩဂုတ် ၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာထိပ်တွင် ကုန်တင်ယာဉ်တစ်စီး‌ပေါ်မှ ကျပ်ငွေ သိန်းနှစ်သောင်းခွဲနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ ၁၁နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း နန့်စီးအောင်ပူးပေါင်းရေးအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြို့နယ်ရှိ နန့်စီးအောင် ပူးပေါင်းရေးဂိတ်မှ ဖြတ်သန်းသွားသည့် ၆ ဘီးယာဉ် အမျိုးအစား ကုန်တင်ယာဉ် တစ်စီးအား မသင်္ကာ၍ နောက်ယောင်ခံလိုက်ခဲ့ခြင်းဖြစ်ပြီး မိုးညှင်းမြို့အဝင် မြစ်ကြီးနား-ရွေဘိုသွားကားလမ်း နန့်ပုတ်ကျေးရွာထိပ်သို့အရောက်တွင် ၎င်းယာဉ်အား ခလရ(၁၅)တပ်ရင်းသို့ မောင်းနှင်စေပြီး နောက် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ စက္ကုဂျပ်ဖာများအတွင်းမှ ဘိန်းဖြူဆပ်ပြာကတ် တစ်ကတ်လျှင် (၁၁)ခွက်စီပါ၊ (၂၂၂)ကတ်၊ စုစုပေါင်းဆပ်ပြာခွက်(၂၄၄၂)ခွက်၊ စုစုပေါင်း ဘိန်းဖြူ အလေးချိန် (၂၄.၄၂) ကီလိုခန့် (ဒေသပေါက်ကာလဈေး ဘိန်းဖြူတစ်ကီလိုလျှင် သိန်း ၂၅၀ ကျပ်နှုန်းဖြင့် ၆၁၀၅ သိန်းကျပ်) တံဆိပ်မပါ ပန်းရောင်စိတ်ကြွရှူးသွပ်ဆေးပြား(၉၀၀၀)ပြားပြအထုတ်ကြီး (၁၂၀)ထုတ် စုစုပေါင်းဆေးပြား (၁၀၈၀၀၀၀)ပြား၊ အလေးချိန် (၁၀၈)ကီလိုခန့် (ဒေသပေါက်ကာလဈေး စိတ်ကြွရှူးသွပ်ဆေးပြားတစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၁၆၂၀၀ သိန်းကျပ်) ဘိန်းစိမ်းတစ်ထုတ်လျှင် တစ်ကီလိုခန့်စီပါ (၃၃)ထုတ် စုစုပေါင်း အလေးချိန် ၃၃ ကီလိုခန့် (ဒေသပေါက်ကာလဈေး ဘိန်းတစ်ကီလိုလျှင် ၁၂ သိန်းကျပ်နှုန်းဖြင့် ၃၉၆ သိန်းကျပ်) စုစုပေါင်းတန်ဖိုးငွေ (၂၂၇၀၁)သိန်းကျပ်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပက်သက်၍ ယာဉ်မောင်းသူနှင့် ၎င်းယာဉ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးများနှင့်စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။