Trending Now

အန္ဒိယမှာရှိတဲ့ ဇနီးဖြစ်သူကို တွေ့ဖို့ ပင်လယ်ပြင်မှာ ၁၈ ရက်ကြာ လှေလှော်ကူးခတ်ခဲ့တဲ့ ဗီယက်နမ် အမျိုးသား ထိုင်းရေတပ်တွေ့ရှိ

Spread the love

အန္ဒိယမှာရှိတဲ့ ဇနီးဖြစ်သူကို တွေ့ဖို့ ပင်လယ်ပြင်မှာ ၁၈ ရက်ကြာ လှေလှော်ကူးခတ်ခဲ့တဲ့ ဗီယက်နမ် အမျိုးသား ထိုင်းရေတပ်တွေ့ရှိ

EPN
နိုင်ငံတကာ၊ မတ် ၂၄

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင်ရှိ ပင်လယ်ပြင်ထဲမှာ ၁၈ ရက်ကြာ ရော်ဘာလှေလှော်ပြီး အိန္ဒိယနိုင်ငံက ဇနီးဖြစ်သူနဲ့ သွားတွေ့ဖို့ကြိုးစားနေတဲ့ ဗီယက်နမ်နိုင်ငံသားတယောက်ကို ထိုင်းရေတပ်က တွေ့ရှိပြီး ကယ်တင်ခဲ့တယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြထားပါတယ်။

ငါးဖမ်းစက်လှေကို ဦးစီးကွပ်ကဲသူ တစ်ဦးက က ယမန်နေ့မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ ဆီမီလန် ကျွန်းနဲ့ ကီလိုမီတာ ၈၀ ခန့်အကွာမှာ လူတစ်ဦး ရော်ဘာလှေလှော်နေတာကို တွေ့ရှိပြီးနောက် ထိုင်းရေတပ်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ရေတပ်ကယ်ဆယ်ရေးအဖွဲ့က သွားရောက်စစ်ဆေးရာမှာ ရော်ဘာလှေပေါ်မှာ အသက် ၃၇ နှစ်ရွယ်ရှိ Mr.HO HOANG HUNG ဆိုတဲ့ ဗီယက်နမ်နိုင်ငံသားတဦးကို သောက်ရေသန့်ဘူးတစ်ဘူး၊ ခရီးဆောင်သေတ္တာတစ်လုံး ခေါက်ဆွဲခြောက်ထုပ် ၁၀ ထုပ်ခန့်တို့ နဲ့အတူ တွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

ကိုဗစ်ကြောင့် ၂ နှစ်ကြာ ကွဲကွာနေတဲ့ အိန္ဒိယက ဇနီးဖြစ်သူကို တွေ့ဖို့ ကြိုးစားခဲ့ရာမှာ ပြည်ဝင်ခွင့်ဗီဇာမရတဲ့အတွက် ရေလမ်းခရီးကနေ သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ Mr.HO HOANG HUNG က ပြောဆိုထားပါတယ်။

သူဟာ မတ် ၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဆိုင်းငွန်မြို့ကနေ ထိုင်းနိုင်ငံ ဖူးခက်မြို့ကို ရောက်ခဲ့တာဖြစ်ပြီး မတ် ၅ ရက်နေ့မှာတော့ ရော်ဘာလှေနဲ့ ဖန်ငကမ်းခြေကနေ စတင်ထွက်ခွာလာပြီးနောက် ၁၈ ရက်အတွင်းမှာ ကီလိုမီတာ ၈၀ အထိ လှော်ခတ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် သူသွားရမယ့်ခရီးဟာ ထိုင်းပင်လယ်ပြင်ကနေ အိန္ဒိယ မဟာသမုဒ္ဒရာရေပြင်ကိုပါ ဖြတ်ကူးရမှာ ဖြစ်လို့ မုန်တိုင်းနဲ့ တခြားဘေးအန္တရာယ်တွေ မတွေ့ဘူးဆိုရင်တောင်မှ အချိန် ၁ နှစ်နဲ့ ၃ လကြာမှ ရောက်ရှိနိုင်မယ်လို့ ရေတပ်တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

Source – Bankokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။