Trending Now

ဓမ္မရာဇိက အောင်တော်မူ စေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်တို့အား စည်ကား သိုက်မြိုက်စွာ ပင့်ဆောင်သွားမည်

Spread the love

ဓမ္မရာဇိက အောင်တော်မူ စေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်တို့အား စည်ကား သိုက်မြိုက်စွာ ပင့်ဆောင်သွားမည်

EPN
မြစ်ကြီးနား၊ဒီဇင်ဘာ ၈

ဓမ္မရာဇိက အောင်တော်မူ စေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် စိန်ဖူးတော်မြတ်နှင့်ငှက်မြတ်နားတော်ပင့်ဆောင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မန္တ လေး ၊မြစ် ကြီးနားမှ တဆင့် ပင်းဘောဒေသ သို့ စည်ကားသိုက်
မြိုက်စွာ ပင့်ဆောင်သွားမည်ဖြစ်ကြောင်သိရသည်။

အဆိုပါ စိန်ဖူးတော် မြတ်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ တွင်မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့မှ မန္တလေးမြို့သို့ မော်တော်ယာဥ်များဖြင့်ပင့်ဆောင် ၍ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မန္တလေး မှ မြစ်ကြီးနားမြို့သို့ လေယာဥ်ဖြင့်ပင်ဆောင်မည်ဖြစ်သည်။

ယင်းနောက်မြစ်ကြီးနားမြို့မှ ပင်းဘောဒေသ သို့မော်တော်ယာဥ်များဖြင့်ပင့်ဆောင် ၍ပင်းဘောကျေးရွာ ဘောဘဏာရာမကျောင်းတိုက် ၊ ဓမ္မေခ ကုန်းမြေပေါ်၌ တည်ထားကိုးကွယ်လျှက်ရှိသောဓမ္မရာဇိက အောင်တော်မူ စေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည်ဖြစ်ကြောင်း ၊ ပင့်ဆောင်လာသောလမ်းတလျှောက် တွင် အများပြည်သူများ ဖူးမျှော် ပူဇော်နိုင်ကြောင်း ပင်းဘောကျေးရွာ ဘောဘဏာရာမကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒ န္တ ကော်ဝိဒက အသိပေး ပြောကြားထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။