Trending Now

ကားမိုင်း ပြည်သူ့စစ်ဒု‌ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

Spread the love

ကားမိုင်း ပြည်သူ့စစ်ဒု‌ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

EPN
ဖားကန့် ၊မေ ၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်မြို့တွင် မေလ ၅ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ကားမိုင်းဌာနေ ပြည်သူ့စစ်ဒု‌ေခါင်း‌ေဆာင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိပါသည်။

ကာမိုင်းပြည်သူ့စစ်ခေါင်‌းဆောင် ဦးဇော်ဌေးသည် ကားမိုင်းမြို့မရပ်ကွက်ရှိ မြန္ဒာလက်ဖက်ရည်ဆိုင်မှအပြန်တွင် ဆိုင်ကယ်မောင်နှင်းလာသူ ၂ဦးက ပစ်သတ်သွားခြင်းဖြစ်‌ေကြာင်းကားမိုင်ဒေသခံတစ်ဦးက ပြောသည်။

“ ပြည်သူ့စစ်‌ေခါင်း‌ေဆာင် လက်ရှိတာဝန် ယူနေတုန်းဘဲ မနက်၇နာရီဝန်ကျင်လောက်မှာ လဘက်ရည်ဆိုင်ကအထွက် လမ်းလျှောက်ပြန်နေစဉ် ဆိုင်ကယ်နဲ့ လူ ၂ယောက်အနီးကပ်ပစ်သွားတယ် ပစ်ခံသတ်ခံရတဲ့ ဦးဇော်ဌေးကတော့ အဲ့နေရာမှာဘဲ ပွဲချင်းပြီးဆုံးသွားတယ်”ဟုလုံခြုံရေးအရအမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့နယ် ကားမိုင် ပြည်သူ့စစ်အဖွဲ့ဝင်များ ပစ်သတ်ခံရသည် မှာ ဒုတိယအကြိမ်ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။