Trending Now

မုဒိမ်းမှုပေါင်း ၁၀၀ ကျော်ကျူးလွန်ခဲ့သူကို ထိုင်းရဲက ဖမ်းဆီး

Spread the love

မုဒိမ်းမှုပေါင်း ၁၀၀ ကျော်ကျူးလွန်ခဲ့သူကို ထိုင်းရဲက ဖမ်းဆီး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

ထိုင်းနိုင်ငံမှာ မော်ဒယ်လုပ်ရမယ်လို့ လိမ်လည်လည့်ဖြားကာ အမျိုးသမီးငယ်တွေကို ဆွဲဆောင်ခဲ့ပြီး အဲဒီအထဲက အယောက် ၁၀၀ ကျော်ကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဆွန်သီချိုင် ရိုဆိုပက် ဆိုတဲ့ အသက် ၆၀ နှစ်အရွယ် အဲ့ဒီအမျိုးသားကို ဒူဇစ်ခရိုင်အတွင်းက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တာလို့ စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်မှူးကြီး သီရဒက်သုသီက ပြောပါတယ်။

ဆွန်သီချိုင်ကို မုဒိမ်းမှုကျူးလွန်တဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကတည်းက ဖမ်းဆီးဖို့ တရားရုံးချုပ်က အမိန့်ထုတ်ထားတယ်လို့ ဗိုလ်မှူးကြီး သီရဒက်သုသီက ပြောပါတယ်။

ဆွန်သီချိုင်ဟာ အမျိုးသမီး ၁၀၀ ထက်မနည်း မုဒိမ်းကျင့်ခဲ့တဲ့အတွက် မုဒိမ်းမှု ၁၄ မှုနဲ့ ၂၀၁၅ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကမှ ပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

သူကျူးလွန်ခဲ့တဲ့သူတွေထဲမှာ အစိုးရ ဂုဏ်သရေရှိလူကြီးတွေနဲ့ စီးပွားရေး အမှုဆောင်တွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေ ပါဝင်ပြီး ဘွဲ့ရ ပညာတတ်များစွာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဈေးဝယ်စင်တာတွေမှာ မော်ဒယ်လ် လုပ်ကိုင်ဖို့အတွက် လူခေါ်နေတယ်ဆိုကာ ချောမောလှပတဲ့ အမျိုးသမီးငယ်တွေကို သိမ်းသွင်းခဲ့ပြီး ဟိုတယ်သို့ခေါ်ဆောင်ကာ အဲ့ဒီနေရာမှာပဲ သားကောင်တွေကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတစ်ကြိမ် ပြန်လည်အဖမ်းခံရမှုဟာ လက်ဖိုးရ် ပြည်နယ် ဂီတကျောင်းတစ်ခုက အမျိုးသမီးတစ်ယောက်ကို အလားတူ ပြုကျင့်ခဲ့တဲ့အတွက် စနေနေ့က ထပ်မံဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စုံထောက်တွေက သူ့ကို ဖမ်းဆီးခြင်းမပြုမီ နှစ်ပတ်ခန့် ဈေးဝယ်စင်တာတွေမှာ ရှာဖွေခဲ့ရပြီး အရပ်ဝတ်နဲ့ အမျိုးသမီးရဲတစ်ယောက်ကို အသုံးပြုကာ ချဉ်းကပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ref; chiangraitimes


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။