Trending Now

ဟင်္သာတမြို့တွင် မီးလောင်မူဖြစ်ပွား၍ နေအိမ် နှစ်လုံးဆုံးရှူံး

Spread the love

ဟင်္သာတမြို့တွင် မီးလောင်မူဖြစ်ပွား၍ နေအိမ် နှစ်လုံးဆုံးရှူံး
EPN
ဟင်္သာတ၊ ဖေဖေါ်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ တာကလေးကွက်သစ်၊ သဗ္ဗသုခလမ်းတွင် ယမန်နေ့ည ၆ နာရီကျော်ကလျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ဟင်္သာတမြို့နယ်ရဲစခန်းမှ သိရသည်။
အဆိုပါ မီးလောင်မှုသည် ဟင်္သာတမြို့ တာကလေးကွက်သစ်၊ သဗ္ဗသုခလမ်းနေ ဦးစိုင်းရာဇာနေအိမ်ရှိ ထမင်းပေါင်းအိုးပလပ်ခုံနှင့် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲကာမီးဖိုဆောင်အကာကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဦးစိုင်းရာဇာနေအိမ် ၁ လုံးနှင့် ကပ်လျှပ်နေအိမ် ၁ လုံးတို့ လုံးမီးလောင် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
”နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားပါတယ်။ ဝါယာကြိုး အပူလွန်ကဲပြီး လောင်ကျွမ်းတာဖြစ်ပါတယ်။
အားလုံးက ဝိုင်းငြိမ်းသတ်ခဲ့လို့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။”ဟု ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ နေအိမ် ၂ လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်ပိုင်ရှင် စိုင်းရာဇာကို ဟင်္သာတမြို့နယ်ရဲစခန်းမှ(ပ)- ၄၇ /၂၀၂၂၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။