Trending Now

ဧရာဝတီျမစ္ ပထမျမစ္က်ဥ္းက အထင္ကရ နမ္တီးလိႈင္ဂူ (နတ္ႀကီးဂူ)

Spread the love

ဧရာဝတီျမစ္ ပထမျမစ္က်ဥ္းက အထင္ကရ နမ္တီးလိႈင္ဂူ (နတ္ႀကီးဂူ)
EPN၊
ဗန္းေမာ္၊ ေမလ ၁၆
နမ္တီးလိႈင္ဂူ (နတ္ႀကီးဂူ) သည္ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခရိုင္၊ ဗန္းေမာ္ၿမိဳ႕နယ္၊ ျမေစတီေက်းရြာ အုပ္စု ဧရာဝတီျမစ္၏ ပထမျမစ္က်ဥ္း အတြင္း၌ တည္ရွိသည္။ ေျမာက္ဘက္တြင္ ဆင္ဘိုၿမိဳ႕၊ ေတာင္ဘက္တြင္ ရွပ္ရွားဘုန္းေတာ္ႀကီးေက်ာင္း၊ အေနာက္ဘက္တြင္ ဧရာဝတီျမစ္၊ အေရွဘက္တြင္ ေဒါ့ဖုန္ယန္ျမိဳ႕နယ္ခြဲရွိသည္။
နမ္တီးလိႈင္ဂူသည္ ဧရာဝတီျမစ္ဆိပ္ကမ္းႏွင့္ ၃ ဖါလုံခန္႕ေဝးၿပီး ေျခလ်င္ခရီးျဖင့္ သြား၍ရသည္။ ျမစ္ဆိပ္ကမ္းေပၚတြင္ “နမ္တီးဂူ” ဆိုင္းဘုတ္ရွိသည္။ နမ္တီးလိႈင္ဂူ ေဒသတြင္ ယခင္က ေက်းရြာ ရွိခ့ဲဖူးသည္။ ယခုအခါ ရြာပ်က္သြားၿပီး အနီး၌ ေတာင္ယာလုပ္ကိုင္ေသာ တဲအနည္းငယ္မွ်သာ ေတာ့ရွိ သည္။ နမ္တီးဂူ၌ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္း ရွိသည္။ လူေနအိမ္မ်ားမရွိ၍ ဆြမ္းဟင္း ခက္ခဲ သည္။ အစားအေသာက္ရွားပါးသည္။ ျမစ္ဆိပ္ကမ္းႏွင့္လည္းအနဲငယ္ ေဝးကြာသည္။ ထိုေၾကာင့္ ေက်ာင္းထိုင္ရွိေသာ္လည္း ရဟန္းသံဃာမျမဲေပ။ ေက်ာင္းႏွင့္ လိႈင္ဂူ ပတ္ဝန္းက်င္တြင္လည္း ေတာ၊ ေတာင္ ထူထပ္လ်ွက္ရွိသည္။
ျမစ္ဆိပ္ကမ္း မွ လမ္းေလ်ွာက္သြားလ်ွင္ဦးစြာ ဘုန္းေတာ္ျကီးေက်ာင္းတိုက္ေတြ ့ရေပမည္။ ေက်ာင္း အနီးတြင္ ေတာင္မွေျမာက္သို႕ စီးဆင္းသည့္ စမ္းေခ်ာင္းငယ္ရွိသည္။ ေရဆိပ္မွ သြားလ်ွင္ စမ္းေခ်ာင္း ငယ္၏ ၀ဲ၊ ယာတစ္ဖက္တစ္ခ်က္တြင္ လိႈင္ဂူတစ္လုံးစီရွိသည္။ လက္်ာဖက္က လိႈင္ဂူသည္ ႀကီးသည္။ နက္သည္။ ေက်ာက္ခဲခ်လိုက္လ်ွင္ေတာင္ဘာအသံမွ မၾကားရဘူးဟု လိႈင္ဂူသို႕ေရာက္ဖူးသူမ်ားက ဆို၏ ။
စမ္းေခ်ာင္းမွ လက္ဝဲဖက္ရွိ လိႈင္ဂူေပၚသို႕ တက္ၾကရသည္။ အျမင့္ေပ ၄၀ ေက်ာ္ ေပ ၅၀ဝန္းက်င္ ရွိသည္။ မတ္ေစာက္သည္။ လိႈင္ဂူဝသို႕လြယ္ကူစြာ တက္ေရာက္နိုင္ရန္အတြက္ ေက်ာက္တုံး မ်ားျဖင့္ အတက္အဆင္းလမ္းျပဳျပင္ထားသည္။ လိႈင္ဂူဝ ေရာက္ခါနီးတြင္ ဝဲဖက္၌ ဘုရားရုပ္ပြားေတာ္တစ္ဆူ တည္ထားသည္။ ဆက္၍တက္လ်ွင္ လိႈင္ဂူဝသုိ႕ေရာက္၏ ။ လွဳိင္ဂူအဝ ေရွ ့ကုန္းျမင့္ေပၚတြင္ေစတီ ငယ္တစ္ဆူ တည္ထားသည္။ လိႈင္ဂူမ်ားသည္ေက်ာက္ လွဳိင္ဂူႀကီး ျဖစ္သည္။ လွဳိင္ဂူအဝ ေက်ာက္နံရံတြင္ “နတ္ႀကီးဂူ”စာတန္းေရးထားသည္။ နတ္ႀကီးဂူမွ ကာလေရြလ်ားလာသည့္အခါ “နမ္တီးဂူ” ျဖစ္လာသည္ဟု သိရွိရေၾကာင္း ေညာင္ပင္သာေက်ာင္းတိုက္ မွ ဦးဝိမလ က မိန္႕ၾကားခဲ့သည္။
လိႈင္ဂူအဝ ေရာက္လ်ွင္ ဂူအတြင္းသို ့ဝင္နိုင္ရန္အေပါက္ ၂ ေပါက္ ရွိသည္။ ဂူအတြင္းမ်က္ႏွာက်က္၌ ေက်ာက္ပန္းဆဲြ မ်ားရွိ၏၊ လက္ယာဖက္အေပါက္တြင္ ဘုရားရုပ္ပြားေတာ္မ်ားရွိသည္။ ဘုရားဖူးလာသူမ်ားကဆီမီး။ ပန္း၊ ေရခ်မ္းကပ္ျက၏။ လက္ဝဲဖက္အေပါက္ တိုင္းဝင္သြားလ်ွင္ ဘုန္းႀကီးေက်ာင္း ၏အေရွ ့ဘက္ ေက်ာက္ေတာင္ကုန္းေပၚတြင္ ျပန္ထြက္လာသည္။ ဂူအထြက္ လမ္းအတိုင္းဆင္းလာလ်ွင္ ဘုန္ျကီးေက်ာင္းဖက္သို႕ေရာက္၏ “အဆင္းလမ္းသည္ အဆင္ေျပသည္” ဟု ဂူအတြင္း ဝင္ေရာက္ဖူးသုူ /ကိုေက်ာ္မင္း(ဗန္းေမာ္)က ေျပာသည္။
လိႈင္ဂူမ်ားအတြင္း၌ လင္းႏို႕မ်ားရွိ၏။ စိုက္ခင္းမ်ားသုံးရန္အတြက္ ဆာလာအိတ္မ်ားျဖင့္ လင္းႏို႕ေခ်းမ်ား ယူ၍ ထည့္ထားေၾကာင္းသိရသည္။
အဆိုပါ လိႈင္ဂူမ်ားသည္ တရားဘာဝနာအားထုတ္လုိသူမ်ားအတြက္ တိတ္ဆိတ္ တည္ၿငိမ္ေအးခ်မ္းသာယာေသာ ေနရာ ျဖစ္၏ ။လင္းႏို႕ေခ်းမ်ား အျမဲရရွိသျဖင့္လယ္ယာသုံးဓါတ္ေျမ ျသဇာ ဝယ္သုံးစရာမလို၍ ေတာင္ယာလုပ္ငန္းအတြက္ အဆင္ေျပ၏။ ေဒသခံမ်ားအတြက္ အက်ိဳးျပဳေသာ လိႈင္ဂူမ်ားျဖစ္ေျကာင္းသိရသည္။
ဗန္းေမာ္ၿမိဳ႕မွ နမ္တီးဂူသို႕ စက္ေလွအျမန္(ေရွာ္တယ္)ျဖင့္ သြားလ်ွင္ အဆန္ ၃ နာရီခဲြခန္ ့။ ေရအစုန္ ၂ နာရီေက်ာ္ၾကာသည္။ စက္ေလွအေႏွးအျမန္။ ရာသီဥတုအလိုက္ ေရယာဥ္ဆိုက္ေရာက္ခ်ိန္ အနည္းငယ္ ကြာျခားနိုင္သည္။ မိုးရာသီကာလ၌ ျမစ္ေရတိုးျခင္း၊ ျမစ္အတြင္းေရျပည့္လ်ွံျခင္း၊ ေရစီးသန္ျခင္း၊ စုတ္ဝဲ၊ မွဳတ္ဝဲမ်ားေၾကာင့္ စက္ေလွ ေရာက္ခ်ိန္ ေနာက္က်တတ္သည္။
နမ္တီးလိႈင္ဂူမ်ားသည္ ေက်ာက္လွဳိင္ဂူ ျဖစ့္ျခင္း၊ ဧရာဝတီျမစ္ ၏ထူးဆန္းေသာ ပထမျမစ္က်ဥ္း၌ ရွိျခင္း၊ ျမစ္က်ဥ္းအတြင္း ၌ ေက်ာက္ဆိုင္ ေက်ာက္တုံးအလွအပမ်ားရွိျခင္း ျခင္းတို ့ေၾကာင့္ နမ္တီးလိႈင္ဂူ (နတ္ႀကီးဂူ)သည္ တေန ့တျခား လူသိမ်ားလာသည္၊ ထင္ေပၚေက်ာ္ၾကားလာသည္၊
ျမန္မာနိုင္ငံ၏ အထင္ကရ ျဖစ္ေသာ ဧရာဝတီျမစ္ပထမ ျမစ္က်ဥ္း၏ သဘာဝအလွအပမ်ား ၾကည့္ရွဴခံစားရင္း နမ္တီးလိႈင္ဂူသို႕ သြားေရာက္ကာ တရားအားထုတ္ျခင္း။ လိႈင္ဂူအတြင္း ဝင္ေရာက္ေလ့လာျခင္း။ ဘုရားေစတီမ်ား ဖူးေမ်ွာ္ျခင္း။ အလွဳဒါန ကုသိုလ္ေကာင္းမွဳမ်ား ျပဳလုပ္နိုင္ၾကပါေစေျကာင္း ေရးသား တင္ျပ လိုက္ရ ေပသည္။
ဗန္းေမာ္သုခမိန္
————————————————–

ဧရာဝတီမြစ် ပထမမြစ်ကျဉ်းက အထင်ကရ နမ်တီးလှိုင်ဂူ (နတ်ကြီးဂူ)

EPN

ဗန်းမော်၊ မေလ ၁၆

နမ်တီးလှိုင်ဂူ (နတ်ကြီးဂူ) သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မြစေတီကျေးရွာ အုပ်စု ဧရာဝတီမြစ်၏ ပထမမြစ်ကျဉ်း အတွင်း၌ တည်ရှိသည်။ မြောက်ဘက်တွင် ဆင်ဘိုမြို့၊ တောင်ဘက်တွင် ရှပ်ရှားဘုန်းတော်ကြီးကျောင်း၊ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ အရှေဘက်တွင် ဒေါ့ဖုန်ယန်မြို့နယ်ခွဲရှိသည်။

နမ်တီးလှိုင်ဂူသည် ဧရာဝတီမြစ်ဆိပ်ကမ်းနှင့် ၃ ဖါလုံခန့်ဝေးပြီး ခြေလျင်ခရီးဖြင့် သွား၍ရသည်။ မြစ်ဆိပ်ကမ်းပေါ်တွင် “နမ်တီးဂူ” ဆိုင်းဘုတ်ရှိသည်။ နမ်တီးလှိုင်ဂူ ဒေသတွင် ယခင်က ကျေးရွာ ရှိခဲ့ဖူးသည်။ ယခုအခါ ရွာပျက်သွားပြီး အနီး၌ တောင်ယာလုပ်ကိုင်သော တဲအနည်းငယ်မျှသာ တော့ရှိ သည်။ နမ်တီးဂူ၌ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိသည်။ လူနေအိမ်များမရှိ၍ ဆွမ်းဟင်း ခက်ခဲ သည်။ အစားအသောက်ရှားပါးသည်။ မြစ်ဆိပ်ကမ်းနှင့်လည်းအနဲငယ် ဝေးကွာသည်။ ထိုကြောင့် ကျောင်းထိုင်ရှိသော်လည်း ရဟန်းသံဃာမမြဲပေ။ ကျောင်းနှင့် လှိုင်ဂူ ပတ်ဝန်းကျင်တွင်လည်း တော၊ တောင် ထူထပ်လျှက်ရှိသည်။

မြစ်ဆိပ်ကမ်း မှ လမ်းလျှောက်သွားလျှင်ဦးစွာ ဘုန်းတော်ကြီးကျောင်းတိုက်တွေ့ရပေမည်။ ကျောင်း အနီးတွင် တောင်မှမြောက်သို့ စီးဆင်းသည့် စမ်းချောင်းငယ်ရှိသည်။ ရေဆိပ်မှ သွားလျှင် စမ်းချောင်း ငယ်၏ ဝဲ၊ ယာတစ်ဖက်တစ်ချက်တွင် လှိုင်ဂူတစ်လုံးစီရှိသည်။ လက်ျာဖက်က လှိုင်ဂူသည် ကြီးသည်။ နက်သည်။ ကျောက်ခဲချလိုက်လျှင်တောင်ဘာအသံမှ မကြားရဘူးဟု လှိုင်ဂူသို့ရောက်ဖူးသူများက ဆို၏ ။

စမ်းချောင်းမှ လက်ဝဲဖက်ရှိ လှိုင်ဂူပေါ်သို့ တက်ကြရသည်။ အမြင့်ပေ ၄၀ ကျော် ပေ ၅၀ဝန်းကျင် ရှိသည်။ မတ်စောက်သည်။ လှိုင်ဂူဝသို့လွယ်ကူစွာ တက်ရောက်နိုင်ရန်အတွက် ကျောက်တုံး များဖြင့် အတက်အဆင်းလမ်းပြုပြင်ထားသည်။ လှိုင်ဂူဝ ရောက်ခါနီးတွင် ဝဲဖက်၌ ဘုရားရုပ်ပွားတော်တစ်ဆူ တည်ထားသည်။ ဆက်၍တက်လျှင် လှိုင်ဂူဝသို့ရောက်၏ ။ လှိုင်ဂူအဝ ရှေ့ကုန်းမြင့်ပေါ်တွင်စေတီ ငယ်တစ်ဆူ တည်ထားသည်။ လှိုင်ဂူများသည်ကျောက် လှိုင်ဂူကြီး ဖြစ်သည်။ လှိုင်ဂူအဝ ကျောက်နံရံတွင် “နတ်ကြီးဂူ”စာတန်းရေးထားသည်။ နတ်ကြီးဂူမှ ကာလရွေလျားလာသည့်အခါ “နမ်တီးဂူ” ဖြစ်လာသည်ဟု သိရှိရကြောင်း ညောင်ပင်သာကျောင်းတိုက် မှ ဦးဝိမလ က မိန့်ကြားခဲ့သည်။

လှိုင်ဂူအဝ ရောက်လျှင် ဂူအတွင်းသို့ဝင်နိုင်ရန်အပေါက် ၂ ပေါက် ရှိသည်။ ဂူအတွင်းမျက်နှာကျက်၌ ကျောက်ပန်းဆွဲ များရှိ၏၊ လက်ယာဖက်အပေါက်တွင် ဘုရားရုပ်ပွားတော်များရှိသည်။ ဘုရားဖူးလာသူများကဆီမီး။ ပန်း၊ ရေချမ်းကပ်ကြ၏။ လက်ဝဲဖက်အပေါက် တိုင်းဝင်သွားလျှင် ဘုန်းကြီးကျောင်း ၏အရှေ့ဘက် ကျောက်တောင်ကုန်းပေါ်တွင် ပြန်ထွက်လာသည်။ ဂူအထွက် လမ်းအတိုင်းဆင်းလာလျှင် ဘုန်ကြီးကျောင်းဖက်သို့ရောက်၏ “အဆင်းလမ်းသည် အဆင်ပြေသည်” ဟု ဂူအတွင်း ဝင်ရောက်ဖူးသုူ /ကိုကျော်မင်း(ဗန်းမော်)က ပြောသည်။

လှိုင်ဂူများအတွင်း၌ လင်းနို့များရှိ၏။ စိုက်ခင်းများသုံးရန်အတွက် ဆာလာအိတ်များဖြင့် လင်းနို့ချေးများ ယူ၍ ထည့်ထားကြောင်းသိရသည်။

အဆိုပါ လှိုင်ဂူများသည် တရားဘာဝနာအားထုတ်လိုသူများအတွက် တိတ်ဆိတ် တည်ငြိမ်အေးချမ်းသာယာသော နေရာ ဖြစ်၏ ။လင်းနို့ချေးများ အမြဲရရှိသဖြင့်လယ်ယာသုံးဓါတ်မြေ သြဇာ ဝယ်သုံးစရာမလို၍ တောင်ယာလုပ်ငန်းအတွက် အဆင်ပြေ၏။ ဒေသခံများအတွက် အကျိုးပြုသော လှိုင်ဂူများဖြစ်ကြောင်းသိရသည်။

ဗန်းမော်မြို့မှ နမ်တီးဂူသို့ စက်လှေအမြန်(ရှော်တယ်)ဖြင့် သွားလျှင် အဆန် ၃ နာရီခွဲခန့်။ ရေအစုန် ၂ နာရီကျော်ကြာသည်။ စက်လှေအနှေးအမြန်။ ရာသီဥတုအလိုက် ရေယာဉ်ဆိုက်ရောက်ချိန် အနည်းငယ် ကွာခြားနိုင်သည်။ မိုးရာသီကာလ၌ မြစ်ရေတိုးခြင်း၊ မြစ်အတွင်းရေပြည့်လျှံခြင်း၊ ရေစီးသန်ခြင်း၊ စုတ်ဝဲ၊ မှုတ်ဝဲများကြောင့် စက်လှေ ရောက်ချိန် နောက်ကျတတ်သည်။

နမ်တီးလှိုင်ဂူများသည် ကျောက်လှိုင်ဂူ ဖြစ့်ခြင်း၊ ဧရာဝတီမြစ် ၏ထူးဆန်းသော ပထမမြစ်ကျဉ်း၌ ရှိခြင်း၊ မြစ်ကျဉ်းအတွင်း ၌ ကျောက်ဆိုင် ကျောက်တုံးအလှအပများရှိခြင်း ခြင်းတို့ကြောင့် နမ်တီးလှိုင်ဂူ (နတ်ကြီးဂူ)သည် တနေ့တခြား လူသိများလာသည်၊ ထင်ပေါ်ကျော်ကြားလာသည်၊

မြန်မာနိုင်ငံ၏ အထင်ကရ ဖြစ်သော ဧရာဝတီမြစ်ပထမ မြစ်ကျဉ်း၏ သဘာဝအလှအပများ ကြည့်ရှူခံစားရင်း နမ်တီးလှိုင်ဂူသို့ သွားရောက်ကာ တရားအားထုတ်ခြင်း။ လှိုင်ဂူအတွင်း ဝင်ရောက်လေ့လာခြင်း။ ဘုရားစေတီများ ဖူးမျှော်ခြင်း။ အလှုဒါန ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။