Trending Now

ယူကရိန်းကို လက်နက်မထောက်ပံ့ဖို့ ဂျာမနီနိုင်ငံမှာ လူသောင်းနဲ့ချီ ဆန္ဒပြ

Spread the love

ယူကရိန်းကို လက်နက်မထောက်ပံ့ဖို့ ဂျာမနီနိုင်ငံမှာ လူသောင်းနဲ့ချီ ဆန္ဒပြ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဘာလင်မြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လူသောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ညှိနှိုင်းဆွေးနွေးရေး လမ်းခင်းပေးဖို့ ဂျာမနီအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

လက်ဝဲပါတီမှ နုတ်ထွက်သူ ဇာရာဝါကန်နက် နဲ့ ဝါရင့် အမျိုးသမီးရေးလှုပ်ရှားသူ အလီဇဝါဇာ တို့စီစဉ်ကျင်းပတဲ့ ဘရန်ဒန်ဘာ့ဂ်ဂိတ် ဆန္ဒပြပွဲမှာ ငြိမ်းချမ်းရေးအတွက် လူထုအုံကြွမှုအတွင်း လူပေါင်း ၅၀၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ယူကရိန်းကို လက်နက်ထောက်ပံနေတာတွေရပ်တန့်ဖို့ နဲ့ စစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ယူကရိန်းပြည်သူတွေအတွက် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာကိုင်တွယ် ဖြေရှင်းကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ လက်ရှိပဋိပက္ခကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်လာမှာ ကြောက်ရွံ့နေရတယ်လို့လည်း သူတို့က ပြောပါတယ်။

ဆန္ဒပြပွဲကိုဦးဆောင်သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်က ယူကရိန်းကို လက်နက်မထောက်ပံ့ဖို့အတွက် “ငြိမ်းချမ်းရေးအတွက်ဖော်ပြချက်”စာတမ်းကို ထုတ်ဝေခဲ့ကြပြီး ထင်ရှားတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေ အပါအဝင် လူပေါင်း ၆ သိန်းခွဲ လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။

ဂျာမနီအဓိပတိ အိုလက်ဖ်ရှိုးလ် ကလည်း အနောက်နိုင်ငံတွေက ယူကရိန်းပေါ် လက်နက်ထောက်ပံ့မှု မြင့်တက်နေတာကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref; Thousands protest in Berlin against giving weapons to Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။