Trending Now
Spread the love
EPN
ဟိုပင်​၊ေ​ဖော်​ဝါရီ ၂၀
ကချင်​ပြည်​နယ်​၊ မိုးညှင်းခရိုင်​၊ ဟိုပင်​နယ်​​မြေရဲစခန်းမှူးရဲအုပ်​ဗျက်​ဆန်းအပါ ရဲတပ်​ဖွဲ့ဝင်​အ​ပေါ်ဂုဏ်​သိက္ခာညိုးနွမ်း​အောင်​​လူမှုကွန်​ရက်​စာမျက်​နှာ​ပေါ်တွင်​​​ ရေးသားခဲ့သူကို အမှုဖွင့်အ​ရေးယူရန်ေ
ဆာင်​ရွက်​​နေ​ကြောင်းဟိုပင်​နယ်​​မြေရဲစခန်းမှူးထံမှသိရသည်​။
ချစ်​သား
ရဲတပ်ဖွဲ့ဝင်အပေါ်ဂုဏ်သိက္ခာညိုးနွမ်းအောင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားခဲ့သူကို အမှုဖွင့်အရေးယူရန်ဆောင်ရွက်နေ
EPN
ဟိုပင်၊ ေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်နယ်မြေရဲစခန်းမှူးရဲအုပ်ဗျက်ဆန်းအပါ ရဲတပ်ဖွဲ့ဝင်အပေါ်ဂုဏ်သိက္ခာညိုးနွမ်းအောင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သူကို အမှုဖွင့်အရေးယူရန်ဆောင်ရွက်နေကြောင်းဟိုပင်နယ်မြေရဲစခန်းမှူးထံမှသိရသည်။
“သွားဖမ်းတဲ့နေ့က ဟိုပင်မြို့ပေါ်က သက်သေအဖြစ် အုပ်ချုပ်ရေးမှူးတွေပါတယ် နောက်ပြီး သေချာအတိအကျတိုင်တဲ့စာမဟုတ်ဘူး ဘယ်သူမှန်းမသိအောင်အကောင့်အတုနဲ့ လုပ်ထားတာ ရဲတပ်ဖွဲကို လူထုတွေအယုံအကြည်ပျက်အောင်လုပ်ထားတာတွေရတယ် ကျွန်တော်ကတော့ မဟုတ်တာဖြစ်တဲ့အတွက် အထက်လူကြီးတွေကိုတင်ပြပြီး ရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာအတွက် ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ´´ဟု ဟိုပင်နယ်မြေရဲစခန်းမှူးရဲအုပ်ဗျက်ဆန်းကပြောသည်။
လူမှုကွန်ရက်စာမျက်နှာ(FB)ပေါ်တွင်(ဟိုပင်သား) အကောင့်အမည်ဖြင့်“သို့ ရဲချုပ်ကြီးထံသို့ ပေးစာ ၊ ဟိုပင်ရဲတပ်ဖွဲ့စခန်း ဘာလဲ ဘယ်လဲ?
၁၄.၁၂.၂၀၁၈ ရက်နေ့တွင် ဦးမော်ဆိုင်ပါ လူ ၄ ဦး ရှမ်းပြည်ဘက်မှမူးယစ်ဆေးဝါးများသယ်ဆောင်လာစဉ်ဖမ်းမိတဲ့အမှုမှာ တရားခံများကားပေါ်တွင်ပါလာသည့် ငွေသားကျပ် သိန်းတစ်ထောင့်ငါးရာခန့်(သိန်း ၁၅၀၀) နှင့် မူးယစ်ဆေးဝါးမြွေအရေခွံအိတ် ၂ အိတ်လုံးကို စခန်းမှုးရဲအုပ်ဗျက်ဆန်းမှ မသမာတဲ့စိတ်နဲ့ ခိုးယူထားခဲ့ကြောင်းသိရှိရပါတယ်။တစ်စခန်းလုံးလဲသိကြပါတယ်။ခိုးယူထားသောမူးယစ်ဆေးဝါးများကိုလည်း ရဲအုပ်ဗျက်ဆန်းမှ တဆင့် ဖောက်သည်များဆီကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းအတိအကျရထားပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ၃.၁.၂၀၁၉ ရက်စွဲနဲ့ ရဲချုပ်ကြီးဆီလိပ်မူပီးတိုင်စာတစ်စောင်ပို့ခဲ့ပါတယ်။
၁၅.၁.၂၀၁၉ ရက်နေ့မှာ တိုင်စာကြောင့် ဟိုပင်ရဲတပ်ဖွဲ့စခန်းမှုးရဲအုပ်ဗျက်ဆန်းကို အထက်ကရဲအရာရှိတစ်ချို့ လာစစ်ဆေးခဲ့ပါတယ်။
သို့သော်လည်း စခန်းမှုးရဲအုပ်ဗျက်ဆန်းရဲ့ လာဘ်ငွေများကြောင့် လာရောက်စစ်ဆေးသောရဲအရာရှိများက ရဲအုပ်ဗျက်ဆန်း အလိုကျ စစ်ချက်ယူပီးပြန်သွားခဲ့လို့ အရာမထင်ခဲ့ပါဘူး။
ဟိုပင်မြို့သူမြို့သားများအတွက် ဟိုပင်ရဲတပ်ဖွဲ့ဆိုတာ အားကိုးအားထားရာ ဌာနဆိုင်ရာတစ်ခုပါ။အခုထိ ဟိုပင်မြို့ပေါ်မှာရော ဘေးနားတဝိုက်ကျေးရွာတွေပါမကျန် မူးယစ်ဆေးဝါးများ ပေါကြွယ်ဝစွာ ရောင်းချဖြန့်ဖြူးလျှက်ရှိနေဆဲပါ။ ဟိုပင်ရဲတပ်ဖွဲ့စခန်းမှုးကိုယ်တိုင်သော်မှ ထပ်ဆင့်ဖြန့်ဖြူးရောင်းချနေမှတော့ ဟိုပင်မြို့ကြီးရဲ့အနာဂတ်ကြီးဟာ အင်မတန်မှရင်လေးစရာကောင်းလှပါတယ်။
စခန်းမှုးရဲအုပ်ဗျက်ဆန်းဦးစီးနေသောဟိုပင်ရဲတပ်ဖွဲ့က အခြားအရာရှိအကြပ်စစ်သည်ရဲဘော် များဟာလည်း စခန်းမှုးရဲအုပ်ဗျက်ဆန်းနှင့် တစ်ကြိတ်ထဲတစ်ဉာဏ်ထဲ ပုလင်းတူဗူးဆို့တွေများလားလို့ပြည်သူတစ်ယောက်အနေနဲ့ မေးခွန်းထုတ်လိုက်ချင်ပါတယ်။ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးရမယ့်အဖွဲ့အစည်းတစ်ခုဖြစ်နေပါလျက်နဲ့ ပြည်သူတွေရဲ့စည်းစိမ်ဥစ္စာတွေကို မတရားသဖြင့်ရယူနေသော ရဲတပ်ဖွဲ့မျိုး ကျွန်တော်တို့ဟိုပင်မြို့သူမြို့သားအပေါင်းက မလိုချင်မိတာအမှန်ပါ။
ရဲချုပ်ကြီးခင်ဗျား ဟိုပင်မြို့ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ဗျက်ဆန်းသည် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကိုကျဆင်းအောင်ပြုလုပ်ခဲ့သော ယခုဖြစ်ရပ်အား အမှုမှန်ပေါက်ပေါက်စေဖို့ ဆောင်ရွက်စစ်ဆေးပေးပါလို့ အစီရင်ခံတင်ပြအပ်ပါတယ် ခင်ဗျာ။
ဟိုပင်သား
၁၉.၂.၂၀၁၉ ´´´ဟုရေးသားထားပါသည်။
ဟိုပင်နယ်မြေရဲစခန်းတွင်၂၀၁၇ခုနှစ်အတွင်မူးယစ်ဆေးဝါးအမှု(၄၅)မှု ဖမ်းဆီးရမိခဲ့ပြီး ဟိုပင်နယ်မြေရဲစခန်းသို့ စခန်းမှူးတာဝန်ဖြင့်ရဲအုပ်ဗျက်ဆန်းရောက်ပြီးနောက်ပိုင်းမူးယစ်ဆေးဝါးအမှုပေါင်း(၉၄)မှုအထိဖမ်းဆီးရမိခဲ့ကာ ယင်းဖမ်းဆီရရှိမှုထဲတွင် ဟိုပင်နယ်မြေရဲစခန်းအနေဖြင့်(၁၀)နှစ်သာကာလအတွင်မူးယစ်ဆေးဝါးအများဆုံးဖမ်းဆီးရရှိမှုအဖြစ်(၁)မှု နှင့် မိုးညှင်းခရိုင်အတွင်မူးယစ်ဆေးဝါးအများဆုံးဖမ်းဆီးရရှိမှု(၁)မှု ရှိကြောင်းရဲမှတ်တမ်းအရသိရသည်။
ချစ်သား
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။