Trending Now

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တစ်ရက်အတွင်း ကိုဗစ်ကူးစက်မှု ၆၉၈ ထပ်မံတွေ့ရှိ၊ ၁၅ ဦးသေဆုံး

Spread the love

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တစ်ရက်အတွင်း ကိုဗစ်ကူးစက်မှု ၆၉၈ ထပ်မံတွေ့ရှိ၊ ၁၅ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

ထိုင်းနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီး နောက်ထပ် ၆၉၈ ဦးဆေးရုံတင်ထားရတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ မနေ့ကလည်း ကူးစက်မှုအသစ် ၁၀၉၃ ဦးတွေ့ရှိခဲ့ပြီး ၁၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကူးစက်မှုအားလုံးဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ တစ်ပတ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၈ ထောင်နီးပါရှိခဲ့ပြီး သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ချိန်ကတည်းက လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၆၇၈၂၄၄ ဦးရှိပြီး သေဆုံးသူ ၃၂၅၅၄ ရှိခဲ့တယ်လို့ သိရပါတယ်။

source – bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။