Trending Now

ရှီးကျန်းကျောင်းဟောင်း ပြုပြင်ရန်အတွက် ဆန်းလင်းကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်း

Spread the love

ရှီးကျန်းကျောင်းဟောင်း ပြုပြင်ရန်အတွက် ဆန်းလင်းကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်း
EPN
ဖီမော်၊ ဇူလိုင် ၈ 
ကချင်အထူးဒေသ(၁) ချီဖွေမြို့နယ် ရှီးကျန်းကျေးရွာရှိ မူလွန်တန်းကျောင်း ပြန်လည်ပြုပြင်ရန် ဇူလိုင်လ ၈ ရက်နေ့ နံနက်က ဆန်းလင်းကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 
အဆိုပါ မူလွန်ကျောင်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဆန်းလင်းကုမ္ပဏီမှ မန်နေဂျာ ဦးဇဒေါင်က ယခုကဲ့သို့ပြောသည်။
“အခုလို လှူဒါန်းဖြစ်တာက ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ကုမ္ပဏီကို မူလွန်တန်းကျောင်း ပြန်လည်ပြုပြင်ရန် အတွက် အကူအညီတောင်းခံလာတယ်လေ၊ ပြီးတော့ ကုမ္ပဏီ အနေကလည်း ဒေသခံတွေကို အစဉ်အမြဲ ကူညီနေကျ ဆိုတော့ ခုလိုကူညီ လှူဒါန်းဖြစ်တာပါ “ဟု ဆန်းလင်းကုမ္ပဏီမှ မန်နေဂျာ ဦးဇဒေါင်က ပြောသည်။ 
ရှီးကျန်းကျေးရွာရှိ မူလွန်တန်းကျောင်း ပြန်လည်ပြုပြင်ရန် အလှူငွေ တရုတ်ငွေ ယွမ်(၄၅၀၀)တိတိကို ဆန်းလင်းကုမ္ပဏီမှ မန်နေဂျာ ဦးဇဒေါင်က ပေးအပ်ရာ ရှီးကျန်းအုပ်ချုပ်ရေးမှူး ဦးရှီးကျန်းဘောမ်ယိန်း က လက်ခံရယူခဲ့သည်။ 
အဆိုပါ ဆန်းလင်းကုမ္ပဏီသည် ကချင်အထူးဒေသ (၁) ရှိ ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးရရှိရန်၊ လမ်း၊ စာသင်ကျောင်းနှင့် ဆန်များကို အခါအခွင့်သင့်တိုင်း လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။ 
ကိုဖြိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။