Trending Now

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ထိမ်းမြားလက်ထပ်မှုနဲ့ အိန္ဒိယရဲက အမျိုးသား ၂၀၀၀ ကျော်ကို ဖမ်းဆီး

Spread the love

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ထိမ်းမြားလက်ထပ်မှုနဲ့ အိန္ဒိယရဲက
အမျိုးသား ၂၀၀၀ ကျော်ကို ဖမ်းဆီး

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ အပါအဝင် ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုနဲ့ အမျိုးသား ၂၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဟိန္ဒူဘုန်းကြီးတွေနဲ့ မွတ်ဆလင်ဘာသာရေးဆရာ အယောက် ၅၀ ကျော်ပါဝင်တယ်လို့ အာသံပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဂန်နင်တာ ပါတာဆစ်က ပြောပါတယ်။

“စုစုပေါင်း အမျိုးသား ၈,၀၀၀ ခန့်ပါဝင်တဲ့ ရဲအမှုပေါင်း ၄၀၇၄ မှုအပေါ် အခြေခံပြီး အမျိုးသား ၂,၁၆၉ ဦးကို ဖမ်းဆီးထားပါတယ်” လို့ ဂန်နင်တာ ပါတာဆစ်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအတွင်း တရာဝင်ထိမ်းမြားလက်ထက်နိုင်တဲ့ အသက်ရွယ်ဟာ အမျိုးသားတွေအတွက် ၂၁ နှစ်ဖြစ်ပြီး အမျိုးသမီးငယ်တွေအတွက် ၁၈ နှစ်ဖြစ်ပေမယ့် လူဦးရေ ၃၅ သန်းရှိတဲ့ အာသံပြည်နယ်အတွင်းမှာတော့ ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုအများအပြားကို အစီရင်ခံနိုင်ခြင်းမရှိခဲ့ပါဘူး။

နိုင်ငံအတွင်း ကလေးသူငယ်ထိမ်းမြားလက်ထပ်မှု ၂၀၂၀ ခုနှစ်မှာ ၁၈၈ မှု၊ ၂၀၂၁ ခုနှစ်မှာ ၁၅၅ မှုသာ ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ပိုမိုများပြားလာတယ်လို့ အမျိုးသားမှုခင်းမှတ်တမ်းဗျူရိုက ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆင်းရဲမွဲတေမှု၊ ပညာရေးချို့တဲ့မှုတွေနဲ့ ရှေးရိုးစွဲအလေ့အထတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာ ကလေးသူငယ် ထိမ်းမြားလက်ထပ်မှု များပြားလာရတဲ့ အကြောင်းရင်တွေဖြစ်တယ်လို့ ယူဆထားကြပါတယ်။

သောကြာနေ့က ထုတ်လွင့်ခဲ့တဲ့ ရုပ်မြင်သံကြား ပုံရိပ်တွေမှာ ကလေးငယ်တွေကို ရင်ခွင်ပိုက် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးငယ်က ခင်ပွန်းဖြစ်သူကို ရုတ်တရက် ဖမ်းဆီးလိုက်တာကို ငိုယိုကာ ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

“ငါတို့ ရုန်းကန်ခဲ့ရပြီး စားဝတ်နေရေးအတွက် တစ်နည်းနည်းနဲ့ ပြေလည်အောင် လုပ်ခဲ့ရပေမယ့် ငါတို့ အတူပျော်ရွှင်ခဲ့ကြပါတယ် အခုငါ့ခင်ပွန်းအဖမ်းခံရတော့ ငါတို့စားဝတ်နေရေးအတွက် ဘယ်သူက ပံ့ပိုးပေးမှာလဲ” လို့ အမျိုးသမီးငယ်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

အသက်အရွယ်မပြည့်ဘဲ ထိမ်းမြားလက်ထပ်ခြင်းတွေဟာ ပြည်နယ်အတွင်း မွေးကင်းစကလေးသေဆုံးမှုတွေနဲ့ မိခင်သေဆုံးမှုမြင့်မားရခြင်းအတွက် အကြောင်းရင်တွေဖြစ်တယ်လို့ အာသံပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဂန်နင်တာ ပါတာဆစ်က ပြောပါတယ်။

“အမျိုးသမီးတွေအပေါ် ခွင့်မလွှတ်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပေါ် လုံးဝသည်းမခံတဲ့ စိတ်ဓာတ်နဲ့ အာသံရဲတပ်ဖွဲ့ကို ဆောင်ရွက်ပေးဖို့ ကျွန်တော် တောင်းဆိုထားပါတယ်” လို့ ပြည်နယ်ရဲ့ ထိပ်တန်းရွေးကောက်ခံအရာရှိ ဟီမန်တာ က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အိန္ဒိယပါလီမန်က ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန်အတွက် အမျိုးသမီးတွေအတွက် ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်အရွယ်ကို ၁၈ နှစ်ကနေ ၂၁ နှစ်အထိ တိုးမြင့် ဥပဒေပြုဖို့ စဉ်စားနေပါတယ်။

ဒါမှာသာ မိန်းကလေးငယ်တွေဟာ ပညာရေးပြီးမြောက်နိုင်မှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ အရပါရင့်ကျက်လာမှာ ဖြစ်ပြီး စီးပွားရေးအရလည်း အမှီအခိုကင်းရှင်းမှုကို ရရှိစေမှာ ဖြစ်တယ်လို့ အိန္ဒိယ အမျိုးသမီးနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဆမီရိတီ အီရာနီက ပြောပါတယ်။

AP/ref; Indian police nab over 2,000 men for illegal child marriages

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။