Trending Now

ကလေးမြို့မှ တီးတိန်မြို့သို့ အပျော်ခရီး၊ဆွေမျိုး၊အလှူမင်္ဂလာဆောင်သွားမည့်သူများကို တားမြစ်

Spread the love

ကလေးမြို့မှ တီးတိန်မြို့သို့ အပျော်ခရီး၊ဆွေမျိုး၊အလှူမင်္ဂလာဆောင်သွားမည့်သူများကို တားမြစ်
 

EPN
ကလေး၊ မတ် ၂၄

ကလေးမြို့မှ တီးတိန်မြို့သို့အပျော်ခရီး၊ဆွေမျိုး၊အလှူမင်္ဂလာဆောင်သွားမည့်သူများကို ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီမှ ယနေ့ စတင်ပိတ်ပင်ထားကြောင်း သိရသည်။

ကလေးမြိနယ်နှင့်ချင်းပြည်နယ်အစပ် ပူးပေါင်းစစ်ဆေးဂိတ်များ၊အခြားဂိတ်များအား အဝင်အထွက် ပိတ်လိုက်ပြီး ယနေ့ နံနက်ပိုင်းကစ၍ လူ၊ဆိုင်ကယ်၊မော်တော်ယာဉ်များ ကလေးမြို့အတွင်းသို့ ဝင်/ထွက် မရှိစေရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊သက်ဆိုင်ရာဌာနများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဖြင့် စစ်ဆေး ကြပ်မတ်လျက်ရှိသည်။

“တီးတိန်ကိုပြန်မယ့်မူလခရီးသည်တွေ၊ တီးတိန်သားတွေ၊ ချင်းပြည်နယ်သားတွေ၊ကျောင်းတွေပိတ်လို့ ပြန်မယ့်ကလေးတွေကို လွတ်ပါတယ်။ အပျော်ခရီးသွားမယ့် သူတွေ၊ ဆွေမျိုးသွားလည်မယ့်သူတွေနဲ့ အလှူမင်္ဂလာဆောင်သွားမယ့်သူတွေကို တားမြစ်ပိတ်တာပါ”ဟု ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်ချိုက ပြောသည်။

ထို့အပြင် Positive လူနာသည် ကလေးမြို့ ချယ်ရီဓာတ်ပုံတိုက်မှာ အလှပြင်သွားသည့်နေရာနှင့်ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၌ တည်းခိုသွားသည့်နေအိမ်ကို ကလေးခရိုင် ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက စစ်ဆေးနေကြောင်း သိရသည်။

” ကလေးမြို့ ချယ်ရီဓာတ်ပုံတိုက်မှာ သူတို့အလှပြင်သွားတယ်။ အဲဒါကို ကျန်းမာရေးဌာနက စစ်ဆေးနေ ပါပြီ။ တပ်ဦးသီတာရပ်ကွက်မှာ တည်းခိုသွားတဲ့နေအိမ်ကိုလဲ ကျန်းမာရေးဌာန စစ်ဆေးမှုတွေလုပ်နေပြီး လိုအပ်တဲ့ကျန်းမာရေးတွေလုပ်နေပါတယ်။ ကျွန်တော်တို့က အရင်ကတည်းက တိုင်းဒေသကြိးအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့အညီ ကာကွယ်ရေးလုပ်ငန်းတွေ စတင်လုပ်နေတယ်။ အခုလဲ ကျွန်တော်တို့ဆီမှာ မဖြစ်သေး ပေမယ့် သူများဆီမှာ ဖြစ်နေတဲ့အတွက် ကိုယ့်မြို့မှာမဖြစ်အောင်နဲ့မပြန့်ပွားအောင် လုပ်တယ်။ ပြည်သူလူထု မကြောက်ခြားအောင်လဲ သေချာပြောပြနေပါတယ်”ဟု ၎င်းကပြောသည်။

စစ်ဆေးမှုပြုလုပ်ရာတွင် ကလေးခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး အုပ်ချုပ်မှုအဖွဲ့များတို့က ဝိုင်းဝန်းဆောင်ရွက်ပေးနေကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။