Trending Now

လျှပ်စစ်သုံးယာဉ်များအတွက် Charging Station ၂၀ ကျော် စတင်တည်ဆောက်လျက်ရှိ

Spread the love

လျှပ်စစ်သုံးယာဉ်များအတွက် Charging Station ၂၀ ကျော် စတင်တည်ဆောက်လျက်ရှိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

ပြည်သူများ အသုံးပြုရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို စတင်တည်ဆောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Charging Station များကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း စသည့်တည်နေရာ များတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံတို့တွင် စတည်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားဝင်းများစသည့် နေရာများ နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင်(၁/ဝ) တိုးလ်ဂိတ်၊ မိုင်တိုင်(၁၁၅/ဝ) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/ဝ) နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/ဝ) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/ဝ) စကားအင်းယာဉ်ရပ်နားစခန်း စသည့်နေရာ တို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများ အသုံးပြုလာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသော ဈေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နား စခန်းနေရာများတွင် လွယ်လင့်တကူ အားသွင်းနိုင် ရေးအတွက် Charging Station များတည်ဆောက်နိုင်ရန် ပြန်ဆင်လျက်ရှိသလို လျှပ်စစ်ယာဉ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

လျှပ်စစ်မော်တော်ယာဉ်များ အတွက် Charging Station များတွင် နေရောင်ခြည်စွမ်းအင်ကို အဓိက သုံးစွဲသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်းသတင်းဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။