Trending Now

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မိုးမောက်မြို့နယ် ပြည်သူကျန်းမာရေး ဦးစီးဌာနသို့ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ ထောက်ပံ့

Spread the love

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မိုးမောက်မြို့နယ် ပြည်သူကျန်းမာရေး ဦးစီးဌာနသို့ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ ထောက်ပံ့

EPN
ဗန်းမော်၊ ဇွန် ၁၆

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မိုးမောက်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ပစ္စည်းများကို ဇွန် ၁၅ ရက်နေ့၊ ညနေ ၅ ပိုင်းက မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Dr ခွန်ဝင်းသောင်းနှင့် အဖွဲ့မှ လာရောက်လှူဒါန်းခဲ့ရာ မိုးမောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကျန်းမာရေးမှူး ဦးစန်းနိုင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထောက်ပံ့သော ပစ္စည်းများမှာ PPE ဝတ်စုံ ၅၀ စုံ၊ PPE အင်္ကျီ၂၀ ထည်၊ Surgical Gown ၅၀ ထည်၊ KN 95 Masks ၁၀၀၊ Mask ၁၀၀၀၊ လက်အိတ်၁၀၀ ခုပါ ၁၀ ဘူး၊ ရေမလို လက်သန့်ဆေးရည် (၅၀၀)မီလီ၁၀ ဘူး၊ ရေမလို လက်သန့်ဆေးရည် (၄)လီတာ၁၀ ပုံး၊ အရက်ပျံ၁၀၀ (မီလီ) ၁၂၀ ဗူး၊ လက်ဆေး ဆပ်ပြာရည် (၅၀၀)မီလီ ၁၀ ဗူး ၊ လက်ဆေးဆပ်ပြာရည် (၃.၅ kg) ၅ ပုံး၊ အပူချိန်တိုင်းကိရိယာ ၅ ခု ၊ စုစုပေါင်း ပစ္စည်း တန်ဘိုး ငွေကျပ် ၂၃၈၀၄၅၀ ကို ထောက်ပံလှူဒါန်းခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။