Trending Now

ညောင်လေးပင်မြို့နယ်ရှိ ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရထားခရီးစဥ် ၆ခု ယာယီရပ်တန့်

Spread the love

ညောင်လေးပင်မြို့နယ်ရှိ ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရထားခရီးစဥ် ၆ခု ယာယီရပ်တန့်

EPN
ညောင်လေးပင်၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တ လေး ရထားလမ်းပိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါ ရီ ၂၀ ရက်၊ ညပိုင်းက မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဥ် ၆ခု ယာယီရပ်တန့်သွားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား မိုင်တိုင်အမှတ် ၁၀၃/ ၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား လုံခြုံရေးအဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း (၂)ချောင်းမှာ ပေ (၇၀)ခန့်စီ ပြတ်ထွက်ပျက်စီး၊ ကွန်ကရစ်ဇလီဖား တုံး (၃၆)တုံးပျက်စီး၊ တံတားကွန်ကရစ်ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါက် (၅)ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ဝန်ထမ်းများက နံ နက် ၁၁ နာရီတွင် ရထားလမ်းပိုင်းအား ယာယီပိတ်၍ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၂၅ မိနစ်တွင်ပြီးစီးခဲ့ပြီး ၃ နာရီခွဲ၌ ရထားလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရထားလမ်းအား ယာယီပိတ်၍ ပျက်စီးမှုများအား ပြုပြင်နေစဥ် အမှတ် (၉၁၄)အစုန်ကုန်ရထား၊ အမှတ် (၉၂၄-A) အစုန်ကုန်ရထား၊ အမှတ် (၉၂၄-B) အစုန်ကုန်ရထား၊ အမှတ် (၆၅၃)အဆန်ကျောက်ရထား၊ အမှတ် (၉၀၂) အစုန်ကုန်ရထား၊ အမှတ် (၁၁)အဆန် လူစီးရထားတို့သည် ရောက်ရှိနေသော ဘူတာများ၌ ရပ်တန့်ခဲ့ရပြီး၊ ရထားလမ်းပိုင်း ဖွင့်လှစ်ချိန်မှသာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင် အဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ မြန်မာ့မီးရထား လမ်းကွန်ယက်တစ်ခုလုံး၏ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးမှု (၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးမှု (၄၇)ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးမှု (၁၂)ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။