Trending Now

ပူတာအိုတွင် စက်ချို့ယွင်းမှုကြောင့် လျှပ်စစ်မီး ဆယ်ရက်ကြာ ပြတ်တောက်မည်

Spread the love

ပူတာအိုတွင် စက်ချို့ယွင်းမှုကြောင့် လျှပ်စစ်မီး ဆယ်ရက်ကြာ ပြတ်တောက်မည်

EPN
မြစ်ကြီးနား၊ မတ် ၇ (၂၀၂၄)

ပူတာအိုမြို့တွင် စက်ချို့ယွင်းမှုကြောင့် ရပ်ကွက်တိုင်းတွင် လျှပ်စစ်မီး ဆယ်ရက်ကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပူတာအိုမြို့ရှိ လျှပ်စစ်ဌာနတွင် စက်ချွတ်ယွင်းချက်များ ရှိနေပြီး ပြုပြင်ရန်အချိန်အနည်းငယ် လိုအပ်သည့်အတွက် ဆယ်ရက်ခန့်ကြာ မီးပြတ်တောက်မည်ဖြစ်ကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပူတာအိုမြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။

” မီးပြတ်တာက အခုဆို (၂ )ရက်ရှိပြီ။ မီးစက်ပျက်နေလို့ ဆယ်ရက်လောက် မီးပျက်မယ်လို့ကြားတယ်။ ရပ်ကွက်တိုင်းလိုလို ပျက်တာဟုတ်တယ်။ အခုလို မီး ပျက်တော့ အခက်အခဲတွေ ကြုံနေရတယ်။ ရေလည်းတင်မရ။ ဖုန်းအားလည်း သွင်းမရ။ မီးဖိုချောင်မှာလည်း ချက်ပြုတ်ရေးတွေ အခက်အခဲကြုံနေရတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ စက်ချွတ်ယွင်းမှုကြောင့် မတ်လ ၆ ရက်နေ့မှ စတင်ပြီး ရပ်ကွက်တိုင်းနီးပါး မီးပြတ်တောက်ထားသည့်အတွက် ဒေသခံပြည်သူများ လျှပ်စစ်ပိုင်းဆိုင်ရာအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။