Trending Now

ဧရာဝတီတိုင်းနှင့်ရခိုင်ဆက်သွယ်ထားသည့် ဂွချောင်းတံတားတည်ဆောက်ပြီးစီး၍ယာယီဖြတ်သန်း ခွင့်ပေး

Spread the love

ဧရာဝတီတိုင်းနှင့်ရခိုင်ဆက်သွယ်ထားသည့် ဂွချောင်းတံတားတည်ဆောက်ပြီးစီး၍ယာယီဖြတ်သန်း
ခွင့်ပေး

EPN
ပုသိမ် ၊ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့်ဂွချောင်းတံတားတည်ဆောက်မှု လုပ်ငန်းများရာနှုန်းပြည့်တည်ဆောက်ပြီးဖြစ်သည့် အတွက်ဇူလိုင် ၁ ရက်မှစတင်၍ယာယီဖြတ်သန်း သွားလာခွင့်ပေးထားကြောင်းလမ်းတံတားဦးစီးဌာန၊တံတားအထူးအဖွဲ့(၈)မှသိရသည်။

အဆိုပါ ဂွချောင်းတံတားသည်ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့မြောက်ဘက်နှင့် ရခိုင်ပြည်နယ်ဂွမြို့နယ်ကိုတိုက်ရိုက်ဆက်သွယ်ထားသောတံတားဖြစ်ပြီးလက်ရှိမိုးတွင်းကာလ ဖြစ်နေသဖြင့် တစ်ဖက်ကမ်းသို့ ကူတို့ဖြင့်သွားလာနေရသည့်အတွက် ယာယီအသုံးပြုခွင့်ပေးထားရခြင်းဖြစ်ပြီး လတ်တလော ၃ တန်အောက်ကားများနှင့်ဆိုင်ကယ်၊ စက်ဘီးများကိုသာခွင့်ပြုထားကြောင်းသိရသည်။

”လက်ရှိတံတားတစ်စင်းလုံးရဲ့တည်ဆောက်မှုလုပ်ငန်းများရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်တယ်။ဂွချောင်းတံတားဟာဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ကိုဆက်သွယ်ပေးတဲ့တံတားဖြစ်တယ်။ လတ်တလောတံတားကိုယာယီပေးဖြတ်ခွင့်ပေးထားတာ။ ပြည်သူတွေအားလုံးအကျိုးဖြစ်စေဖိုရာ သက်ဆိုင်ရာအဆင့် ပြည်ထောင်စုဝန်ကြီးတွေကို တင်ပြပြီးတော့ယာယီအသုံးပြုခွင့်ပေးထားတာပါ။”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းတံတားဦးစီးဌာန၊တံတားအထူးအဖွဲ့ (၈)မှတာရှိသူကပြောသည်။

အဆိုပါ ဂွချောင်းတံတားတည်ဆောက်ရေးလုပ်ငန်း စီမံကိန်းကို ၂၀၁၉ခုနှစ်နိုဝင်ဘာလ ၁၉ ရက်ကစတင် ဆောင်ရွက်ခြင်းဖြစ်ပြီးငွေကျပ်သန်း ၁၉၈၀အကုန်ကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သလိုဂွချောင်းတံတားသည် စုစုပေါင်းအရှည် ၁၃၉၈ ပေ ကိုးလက်မ၊အကျယ် ၃၀ ပေ၊ယာဉ်သွားလမ်း ၂၃ ပေ၊လူသွားလမ်း တစ်ဖတ်လျှင် ၃ပေ၊ရေလမ်းကင်းလွတ်အမြင့် ၂၀ ပေ၊ရေလမ်းကင်းလွတ် အကျယ် ၈၅ ပေ၊ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် ၇၅ တန်သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။