Trending Now

ဆူညံ့​သောအိပ်​​ဇောများနှင်​့ အင်္ဂါမစုံ​သောဆိုင်​ကယ်​များ စီးနင်းသူများကို အသိပညာပေး

Spread the love

ဆူညံ့​သောအိပ်​​ဇောများနှင်​့ အင်္ဂါမစုံ​သောဆိုင်​ကယ်​များ စီးနင်းသူများကို အသိပညာပေး

EPN
ဟိုပင်၊ ဇန်​နဝါရီ ၁၂

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ယနေ့ဇန်နဝါရီ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ဟိုပင်နယ်​မြေ ရဲတပ်ဖွဲဝင်များက ဆူညံ့​သောအိပ်​​ဇောများနှင်​့အင်္ဂါမစုံ​သောဆိုင်​ကယ်​များ စီးနင်သူများကို အသိပညာပေးမှုပြုလုပ်ခဲ့​ကြောင်းသိရသည်။

ဟိုပင်မြို့တွင် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန်နှင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အင်္ဂါမစုံသောဆိုင်ကယ်များကို စီးသူများနှင်​့ ယာဉ်​စည်​းကမ်​းမလိုက်​နာသည့်​ခရီးသည်​တင်​ယာဉ်​များကို ရွေ့လျားအဖွဲ့ဖြင့် စောင့်ကြည့်ကာ အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာ​ပေးခြင်းကို ဟိုပင်မြို့၊ အထက​ကျောင်​း​ရှေ့၊ မြ​ဇေယျာအလက​ကျောင်​း​ရှေ့နှင်​့ပြည်​သူ့အားကစားကွင်​းအနီးတွင်​ပြုလုပ်ခဲ့ကြသည်။

မိုးညှင်းခရိုင်အတွင်း ယာဉ်မတော်ဆမှုများနှင့် အသက်ဆုံးရှုံးမှုများမဖြစ်ပွားစေရန် ဆူညံ့​သောအိပ်​​ဇောများနှင်​့အင်္ဂါမစုံ​သောဆိုင်​ကယ်​စီးသူများကို mobil team ရွေ့လျားအဖွဲ့များဖြင့် အသိပညာပေးခြင်းကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထက်​လွင်​နှင်​့မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခန့်ကို​​အောင်​၏လမ်​းညွန်​ကြီးကြပ်​မှုဖြင်​့​ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ယင်းအသိပညာ​ပေးခြင်း လုပ်​ဆောင်ပြီး​နောက် ဆိုင်ကယ်ဦးထုပ်မဆောင်းများ လူနှစ်ဦးထက်ပိုစီးသူများ ဆူညံအောင် အိတ်ဇောဖြုတ်စီးသူများ ပါဝါအိတ်ဇောတပ်စီးသူများ ယာဉ်စီးကမ်းလမ်းစည်းကမ်း မလိုက်နာသူများ မူးယစ်သောက်စားပြီး ယာဉ်မောင်းသူများကို တွေ့ရှိပါက အရေးယူဆောင်ရွက်မည်​ဖြစ်ကြောင်း သိရသည်။

မိုးဟိန်​း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။