Trending Now

ဖားကန့်မြို့နယ်တွင် ရေမဆေးကျောက်ရှာဖွေသူလူငယ်တစ်ဦးပျောက်ဆုံးနေ

Spread the love

ဖားကန့်မြို့နယ်တွင် ရေမဆေးကျောက်ရှာဖွေသူလူငယ်တစ်ဦးပျောက်ဆုံးနေ

EPN
မြစ်ကြီးနား ၊ ဇွန်လ ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် ယမန်နေ့ ဇွန်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က ရေကန်တစ်ခုကို ဖြတ်ကျော်စဉ် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ပျောက်ဆုံးသွားကြောင်း သိရသည်။

ယင်းပျောက်ဆုံးနေသူမှာ ယမန်နေ့က သူငယ်ချင်းများနှင့်ဆန်ခါအနီးတောက်ပကြယ် ရေကန်ကြီးဘေး လုပ်ကွက်ကျင်းတစ်ခုတွင် ကျောက်ရှာသွားရန် ကျောက်ရှာဖွေသူ (၃၀)ခန့်နှင့်အတူ ကျင်းထဲသို့ ကျောက်ရှာဖွေရန်စောင့်ဆိုင်းနေစဉ် ကျင်းအစောင့်များမှ မောင်းထုတ်ခဲ့သဖြင့် ထွက်ပြေးခဲ့ကြရာ လူစုကွဲသွားခဲ့ကြောင်း ၎င်းနှင့်အတူပါသွားသည့် လူငယ်တစ်ဦးထံမှသိရသည်။

“ ကျနော်တို့သူငယ်ချင်းတွေကော တစ်ခြားရေမဆေးသမာတွေကော အယောက်(၃၀)လောက် အဲ့ကျင်းထဲမှာရှိမလိုစောင့်နေကြတာ ၊ ကျင်းစောင့်တွေက မရှာရဘူး၊ မဝင်ရဘူး၊ ပြောတော့ ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးခဲ့ကြတာဟုတယ်၊ ထွက်ပြေးရင်းဘဲ လူစုကွဲသွားတာပဲ “ ဟု ၎င်းကပြောသည်။

ထွက်ပြေးစဉ်က ဘေးလုပ်ကွက်တွင် ကျောက်ရှာဖွေခွင့်ရသဖြင့် ထွက်ပြေးရင်း ယင်းလုပ်ကွက်သို့သွားရန် အကျယ် ပေ (၁၀၀)ခန့် အနက် ပေ (၃၀)ခန့်ရှိသည့်ရေအိုင်ကိုဖြတ်ကျော်စဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ ကျနော်တို့တွေ ထွက်ပြေးတော့ ဘေးလုပ်ကွက်မှာတူးလို့ရတာလဲသိထားတယ်လေ ၊ အဲ့ကျင်းကိုပြေးကြတာ ကြားမှာ ရေကန်တစ်ခုကို ဖြတ်ရတယ်၊ အနက် က ပေ(၃၀)(၄၀)လောက်တော့ရှိတယ် အဲ့ကန်ကိုဖြတ်တော့ တစ်ချို့နစ်တဲ့လူတွေကိုလဲ ကယ်ခဲ့သေးတယ်၊ “ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ပျောက်ဆုံးသူမှာ အသက် (၁၈)နှစ်အရွယ်ရှိ မောင် လွင်မိုးဦး (ခ) သီဟနိုင် ဆိုသူဖြစ်ပြီး ကျေးရွာနေသူများနှင့် လူမှုကူညီရေအသင်းတို့ပူးပေါင်းကာ ယင်းရေကန်အတွင်း ရေငုတ်ရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။