Trending Now

ရုရှား ရေငုပ်သင်္ဘော ကပ္ပတိန် လေ့ကျင့်ခန်းဆင်းနေစဉ် ပစ်သတ်ခံရ

Spread the love

ရုရှား ရေငုပ်သင်္ဘော ကပ္ပတိန် လေ့ကျင့်ခန်းဆင်းနေစဉ် ပစ်သတ်ခံရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၁

ရုရှားနိုင်ငံ တောင်ပိုင်း ခရက်စနိုဒေါ မြို့မှာ ရေငုပ်သင်္ဘော ကပ္ပတိန်တစ်ဦး အာကစားရုံအနီးမှာ နံနက်ခင်းအပြေးလေ့ကျင့်နေစဉ် ပစ်သတ်ခံခဲ့ရတယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

TASS ရဲ့ အဆိုအရ အဆိုပါ အရာရှိ Stanislav Rzhitsky ဟာ တနင်္လာနေ့ နံနက်ပိုင်းက သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး အသတ်ခံရမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အရာရှိဟာ ယူကရိန်းပစ်မှတ်တွေကို ခရုဇ်ဒုံးကျည်တွေ ပစ်လွတ်မှုအတွက် တာဝန်ရှိသူတစ်ဦးအဖြစ် ယူကရိန်းသတင်းတွေက ဖော်ပြခဲ့ပြီး သူဟာ ရုရှားပင်လယ်နက် ရေငုတ်သင်္ဘောရဲ့ တပ်မှူးဖြစ်ပါတယ်။

Rzhitsky ဟာ မြို့ကို အစွဲပြုပြီး ခရက်စနိုဒေါ ရေငုတ်သင်္ဘောကို အမိန့်ပေးခဲ့ကြောင်း TASS က ဖော်ပြခဲ့ပြီး အသတ်ခံရချိန်မှာ ရေငုတ်သင်္ဘောရဲ့ ကပ္ပတိန်ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ ခရက်စနိုဒေါ ရေငုတ်သင်္ဘောဟာ ပင်လယ်နက်မှာ အသုံးပြုဖို့ တည်ဆောက်ထားတဲ့ ဒီဇယ်-လျှပ်စစ်ရေငုတ်သင်္ဘောဖြစ်ပြီး ရန်သူ့ရေငုတ်သင်္ဘောတွေကို တိုက်ထုတ်ဖို့နဲ့ မိုင်းချခြင်း၊ ထောက်လှမ်းခြင်းတို့ကို လုပ်ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။

ယူကရိန်းသတင်းဌာနတွေကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ယူကရိန်းနိုင်ငံကို ရေငုတ်သင်္ဘောနဲ့ ပစ်လွတ်တဲ့ဒုံးကျည်တွေကြောင့် သေဆုံးခဲ့ရတဲ့ လူ ၂၃ ဦးအတွက် Rzhitsky မှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။