Trending Now

နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ရှိတဲ့ ရုရှားမြို့ကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်

Spread the love

နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ရှိတဲ့ ရုရှားမြို့ကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁

ရုရှားနိုင်ငံ ကီးရစ်စ် ဒေသက နျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ရှိရာ ကူချ်တာ့ဗ်မြို့ကို ယူကရိန်းမောင်းသူမဲ့ လေယာဉ်နှစ်စင်းက ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ရိုမန် စတာရိုဗက်က ပြောကြားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စီမံခန့်ခွဲရေး အဆောက်အအုံနဲ့ လူနေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း အရေးပေါ်တာဝန်ရှိသူတွေက အကဲဖြတ်ခဲ့တယ်လို့ ရိုမန်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ အဆောက်အဦးတွေကိုတော့ အသေးစိတ် ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။