Trending Now

မော်လူးတိုက်နယ်ဆေးရုံသို့ Covid-19 ကာကွယ်ရေးအတွက် PPE ဝတ်စုံ (၁၅)စုံနှင့် အလှူငွေများကို လူမှုကူညီရေးအသင်းနှင့် စေတနာရှင်မိသားစုတို့မှ လှူဒါန်း

Spread the love

မော်လူးတိုက်နယ်ဆေးရုံသို့ Covid-19 ကာကွယ်ရေးအတွက် PPE ဝတ်စုံ (၁၅)စုံနှင့် အလှူငွေများကို လူမှုကူညီရေးအသင်းနှင့် စေတနာရှင်မိသားစုတို့မှ လှူဒါန်း

EPN
မော်လူး၊ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ မော်လူးမြို့၊ တိုက်နယ် ပြည်သူ့ဆေးရုံတွင် မတ်လ (၂၅)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က Covid-19 ကာကွယ်ရန်နှင့် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် PPE ဝတ်စုံ (၁၅)စုံနှင့် ရန်ပုံငွေများကို လူမှုကူညီရေးအသင်းနှင့် စေတနာရှင် မိသားစုတို့မှ ပေးအပ်လှူဒါန်း ခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ် နေသော Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်ခြင်း၊ ကုသခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ (၂)ဦးရှိကြောင်း ထုတ်ပြန်ထားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် Covid-19 အသိပညာပေး လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ရောဂါကုသရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိရာ တိုင်းနှင့်ပြည်နယ်များ ရှိ ဆေးရုံဆေးခန်းများတွင်လည်း လူမှုကူညီရေးအဖွဲ့အစည်းများနှင့် အများပြည်သူတို့မှ ပူး‌ပေါင်း၍ ဝိုင်းဝန်း ကူညီဆောင်ရွက်လျက်ရှိသည်။

ထိုသို့ Covid-19 ကာကွယ်ရေး၊ ကုသရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် မော်လူးမြို့၊ ပညာရိပ် ပညာရေး စင်တာမှ ဦးသောင်းဖေ၊ Covid-19 ကာကွယ်တိုက်ဖျက်ရေး/ လူမှုကူညီရေး မှ ဦးအောင်စိုးမြင့်၊ ဦးဝင်းနိုင်နှင့် ဦးနီတိုးတို့မှ Covid-19 ကာကွယ်ရေး (PPE) ဝတ်စုံ (၁၅)စုံအားပေးအပ် လှူဒါန်းခဲ့ရာ မော်လူးတိုက်နယ်ဆေးရုံမှ ဆေးရုံအုပ်ကြီး‌ ဒေါက်တာ ဝတ်မှုံထွန်းနှင့် ဝန်ထမ်းများက လက်ခံရ ယူခဲ့ပြီး စေတနာရှင် ဦးရန်နိုင်ဇော်+ဒေါ်နန်းကြည်ဦး မိသားစုတို့က Covid-19 ကာကွယ်/ကုသရေးနှင့် အထွေထွေအသုံးပြုနိုင်ရန်ငွေ (၂၀၀၀၀၀)ကျပ်တို့ကို ပေးအပ်လှုဒါန်း ခဲ့ကြကြောင်း သိရသည်။

အနယ်နယ်အရပ်ရပ်မှ စေတနာရှင်၊ အလှူရှင်များအနေဖြင့်လည်း ကုသိုလ်ပါဝင်လှူဒါန်းလိုပါက မော်လူး တိုက်နယ်ဆေးရုံ ဖုန်း/ 09423239500 သို့လည်းကောင်း၊ ‌မော်လူးဒေသ Covid -19 ကာကွယ်တိုက်ဖျက်ရေး လူမှုကူညီရေးအဖွဲ့ ဖုန်း/ 09265017550 နှင့် 09257072373 သို့လည်‌းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။