Trending Now

ဗလမင်းထင်ဂေါက်ကလပ်ဝန်ထမ်းများသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

Spread the love

ဗလမင်းထင်ဂေါက်ကလပ်ဝန်ထမ်းများသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

EPN
ဗန်းမော်၊ မေလ ၃၁

ဗလမင်းထင်ဂေါက်သီးရိုက်အသင်းမှ Golfer များ၊ အလှူရှင်များ စုပေါင်း၍ ယမန်နေ့၊ မေလ ၃၀ ရက်၊ ညနေပိုင်းက ဗလမင်းထင်ဂေါက်ကလပ်ဝန်ထမ်းများနှင့် ကယ်ရီယာများအား COVID 19 ထိန်းချုပ် ကာလအတွင်း စားသောက်မှု အစဉ်ပြေစေရန်အတွက် ဝန်ထမ်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်ပေးအပ်ပွဲကို မေလ ၃၀ ရက်၊ ညနေ ၃ နာရီခန့်က ဗန်းမော်မြို့ ဗလမင်းထင် ဂေါက်ကလပ်ရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပြီး ဂေါက်ကလပ်ဝန်ထမ်းနှင့် ကယ်ရီယာ စုစုပေါင်း ၅၀ ကျော်အတွက် တစ်ဦးလျှင် ဆန် ၁၀ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကော်ဖီမစ် ၁၀ ထုပ်၊ ဆပ်ပြာ ၃ထောင့်၊ ဆပ်ပြာမွှေး ၂ခဲ၊ ငါးသေတ္တာ ၂ ဗူး၊ ခေါက်ဆွဲ ၅ ထုပ်၊ Mask ၃ခု၊ ကြက်သွန်နီ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သားနှင့် ငွေကျပ် (၅၀၀၀ိ/-)နှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဗလမင်းထင်ဂေါက်သီးရိုက်အသင်းမှ သိရသည်။

“ကိုဗစ်နိုင်တင်း ကာလအတွင်း ၀န်ထမ်းတွေနဲ့ ကယ်ရီအဖွဲ့တွေ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် Golfer တွေ၊ အလှူရှင်တွေ စုပေါင်း လှူဒါန်းတာ ဖြစ်ပါတယ်” ဟု အဆိုပါ အသင်းမှ ဘဏ္ဍာရေးမှူး ဦးဝင်းက ပြောပြသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် အမှတ် ၂၁ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူ ဦးထွေးမြင့်၊ ဗလမင်းထင်ဂေါက်ရိုက်အသင်း ဥက္ကဌ ဦးဖော်လုလဝမ်၊ အတွင်းရေးမှူး ဦးကျော်မင်းခိုင်၊ ဦးဝင်းနှင့် ကော်မတီဝင်များ၊ ဂေါက်ရိုက်အသင်း ဝန်ထမ်းများ၊ ကယ်ရီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။