Trending Now

ကျုံပျော်မြို့တွင် လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံ၍ ထွက်ပြေးသူများကို ပစ်ခတ်ဖမ်းဆီးသဖြင့် လူ ၁ ဦးသေဆုံခဲ့ပြီး လူ ၃၀ဖမ်းဆီးခံရ

Spread the love

ကျုံပျော်မြို့တွင် လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံ၍ ထွက်ပြေးသူများကို ပစ်ခတ်ဖမ်းဆီးသဖြင့် လူ ၁ ဦးသေဆုံခဲ့ပြီး လူ ၃၀ဖမ်းဆီးခံရ

EPN
စက်တင်ဘာ ၊ ၁၄

ဧရာဝတီတိုင်း ၊ ကျုံပျော်မြို့နယ် ၊ ကျုံပျော်မြို့ခဲဘောင် တံတားအောက်နီး ၊ ဦးမောင်အုန်း ဆန်စက်အတွင်းပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ယမန့်နေ့က သက်ဆိုင် ရာ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူတစ်ဦးသေနတ်ထိမှန်သေဆုံးခဲ့ပြီး လူ ၃၀ ဖမ်းဆီး ရမိခဲ့ကြောင်း သက်ဆိုင်ရာနှင့်နီးစပ်သူများထံမှသည်။

လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့နှင့်တပ်ပါသည့်ပူးပေါင်း အဖွဲ့မှလာရောက်ဖမ်းဆီးသည့်အချိန် အဖမ်းမခံပဲထွက် ပြေးသူများထဲမှ ကျုံပျော်မြို့၊ အောင်းဆန်ရပ်ကွက်တွင် နေထိုင်သည့် ကိုမြင့်ခိုင်ဆိုသူမှ လက်မောင်း တစ်ဖက်နှင့် ခြေထောက်သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

”ရဲတွေ နဲ့ စစ်သားတွေပါတဲ့အဖွဲ့က အလောင်းကစားဝိုင်း ကို စီးနင်းတာ ၊ လူတွေလည်းအဖမ်းခံရတာ မနည်းဘူး ၊ ရဲတွေက အဖမ်းခံဖို့ပြောတာ လူတွေက အဖမ်းမခံပဲ ထွက်ပြေးတာ ဒါနဲ့ ပစ်ခတ်တော့တာပဲ ပစ်ခတ်တဲ့အချိန် သေနတ်ကျည်ထိမှန်ပြီ တံတားအောက်ပြုတ်ကျသွားတာ ၊ အဲ့ပြုတ်ကျသွားတဲ့ ၁ ယောက် သေသွားတာ ၊ အလောင်းက အခုမနက်မှ သေနတ်ဒဏ်ရာနဲ့ ရေထဲကပေါ်လာတာ ”ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

လောင်းကစား ဝိုင်းကို ပစ်ခတ်ပြီး ဖမ်းဆီးကာ အိမ်စီးကား ၃ စီး ၊ ဆိုင်ကယ် အမျိုးစုံ ၂၀ စီး၊ လက်ဝတ် ရတနာ ရွှေ ၆ ကျပ်သားနှင့်ငွေသားကျပ်သိန်း ၁၀၀၀ ကျော်ကို ပူးပေါင်းအဖွဲ့ကသိမ်းဆည်းသွားပြီး အဖမ်းခံရ သူများကို ရဲတပ်ဖွဲ့မှ ဥပဒေနှင့် အညီအမှုဖွင့်အရေးယူ စစ်ဆေးနေကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။