Trending Now

မြန်မာနိုင်ငံကို အမေရိကန်က အာရှ စစ်ရေးတွေ့ဆုံပွဲသို့ ဖိတ်ကြားခဲ့

Spread the love

မြန်မာနိုင်ငံကို အမေရိကန်က အာရှ စစ်ရေးတွေ့ဆုံပွဲသို့ ဖိတ်ကြားခဲ့

EPN
နိုင်ငံကတာ၊ ဇန်နဝါရီ ၃၁

မြန်မာစစ်တပ်အား ထိုင်းနှင့် အမေရိကန်တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည့် ဒေသတွင်း စစ်ရေးတွေ့ဆုံပွဲတွင် ပါဝင်ရန် ဖိတ်ကြားထားကြောင်း အယ်လ်ဂျားဇီးယားက ဖော်ပြထားသည်။

ငါးရက်ကြာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အစည်းအဝေးတွင် အဓိက ပင်လယ်ရေကြောင်းလုံခြုံရေး နှင့် လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်များကို ကိုင်တွယ်ဖြေရှင်းရန် လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Martin Meiners က မြန်မာစစ်တပ်အား အာဆီယံ သဘောတူညီချက်များနှင့်အညီ ဖိတ်ကြားထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင် (၁၀) နိုင်ငံအပြင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။

— ကိုးကား —
Aljazeera
ref; Myanmar invited to Asian military meeting co-chaired by US

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။