Trending Now

မုံရွာ စက်မှုဇုန်ထဲက KTV လုပ်ငန်းရှင်း ၁ ဦး အပါအဝင် လူ ၄ ယောက်ကို PDF နဲ့ ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးခံရ

Spread the love

မုံရွာ စက်မှုဇုန်ထဲက KTV လုပ်ငန်းရှင်း ၁ ဦး အပါအဝင် လူ ၄ ယောက်ကို PDF နဲ့ ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးခံရ

EPN
မုံရွာ ၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန် ၁ ရပ်ကွက် ၊ ပိတောက်လမ်းမှာရှိတဲ့ KTV လုပ်ငန်းရှင် ၁ ဦး အပါအဝင် လူ ၄ ယောက်ကို ဇွန် ၂၉ ရက် မနေ့က မနက်စောပိုင်းက လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ စက်မှုဇုန်ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” ဇုန် ၁ ထဲက ပိတောက်လမ်းမှာရှိတဲ့ ကောင်းကောင်း KTV ဆိုင်အဖမ်းခံရတာပါ ၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး ပါသွားတယ် ” လို့ အဲ့ဒီ ဆိုင်နီးဝန်းကျင်မှာနေတဲ့ လူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကောင်းကောင်း KTV ဆိုင် ဝင်ရောက်ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက် ပြောတာက ” မနက် ၃ နာရီဝန်းကျင်မှာ ဝင်ဖမ်းတာပါ ဆိုင်ရှင် အမျိုးသမီး မမေမွန်နဲ့ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးကို ဖမ်းမိတာပါ ” လို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ လကစလို့ မုံရွာမြို့ပေါ်က ဟိုတယ်လုပ်ငန်းရှင်တွေ ၊ ကားသမားတွေ ၊ တည်းခိုခန်း လုပ်ငန်းရှင်တွေ ၊ အပါအဝင် အခြားစီးပွားရေး လုပ်ငန်းရှင် ၁ ဒါဇင်ကျော်ဟာ PDF နဲ့ ဆက်နွယ်တယ်ဆိုကာ လုံခြံာရေးအဖွဲ့တွေက ဖမ်းဆီးထားတာပဲဖြစ်ပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။