Trending Now

တရုတ်နိုင်ငံက အဆောက်အဦပြိုကျပြီးနောက် နာရီပေါင်း ၅၀ အကြာ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့

Spread the love

တရုတ်နိုင်ငံက အဆောက်အဦပြိုကျပြီးနောက် နာရီပေါင်း ၅၀ အကြာ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့

EPN
နိုင်ငံတကာ၊ မေ ၂

တရုတ်နိုင်ငံအလယ်ပိုင်းရှိ အဆောက်အအုံတစ်ခုပြိုကျပြီးနောက် နာရီပေါင်း ၅၀ ကျော်ကြာ အပျက်အစီးများကြားမှာ ပိတ်မိနေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ယမန်နေ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

သူမဟာ ဟူနန်ပြည်နယ် မြို့တော် ချန်ရှာမြို့မှာ သောကြာနေ့မွန်းလွဲပိုင်းက ပြိုကျခဲ့တဲ့ အဆောက်အအုံမှ ကယ်ဆယ်နိုင်ခဲ့တဲ့ ခြောက်ယောက်မြောက်ဖြစ်ပြီး အခြား အယောက် ၂၀ ခန့်ဟာလည်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ဒုတိယထပ်မှာ စားသောက်ဆိုင်တစ်ဆိုင်၊ တတိယထပ်မှာ ကော်ဖီဆိုင်နဲ့ အပေါ်ဆုံးထပ်နှစ်ထပ်မှာ လူနေထိုင်ပြီး ရှစ်ထပ်ရှိကြောင်း ဆင်ဟွာက ပြောကြားခဲ့ပေမယ့် အခြားမီဒီယာများရဲ့ ဖော်ပြချက်အရ ခြောက်ထပ်သာရှိတယ်လို့ ဆိုပါတယ်။

အဆောက်အုံပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အဆောက်အအုံပိုင်ရှင်အပါအဝင် ဒီဇိုင်းနဲ့ ဆောက်လုပ်ရေးတာဝန်ခံ သုံးဦးအပြင် အခြားငါးဦး စုစုပေါင်း ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်းက ကိုယ်တိုင်တည်ဆောက်ထားတဲ့ အဆောက်အအုံပြိုကျမှု အရေအတွက်ဟာ သိသိသာသာ တိုးလာပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်က မတော်တဆမှုများကို ကာကွယ်ရန်အတွက် အဆိုပါ အဆောက်အဦများကို လျှို့ဝှက်အန္တရာယ်ရှိမရှိ စစ်ဆေးရန်လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် တရားမဝင် အထပ်များကို ထပ်တိုးခြင်းနဲ့ သံဘားများအသုံးပြုမှု အပါအဝင် ဘေးကင်းရေးစံနှုန်းများကို လိုက်နာမှု ညံ့ဖျင်းခြင်းကြောင့် ယခုလို ဘေးအန္တရာယ်တွေ ကြုံတွေ့ရတာဖြစ်တယ်လို့ လဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။