Trending Now

ရုရှားသမ္မတ ပူတင်က နိုင်ငံသားတွေကို စစ်မှုထမ်းဖို့အမိန့်ပေး

Spread the love

ရုရှားသမ္မတ ပူတင်က နိုင်ငံသားတွေကို စစ်မှုထမ်းဖို့အမိန့်ပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး ခုနစ်လနီးပါးအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို အားကောင်းလာစေဖို့အတွက် အရန်တပ်သားတွေ စုဆောင်းဖို့ မနေ့က အမိန့်ထုတ်လိုက်ပါတယ်။

ဒီအမိန့်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံးအကြိမ် အမိန့်ထွက်ပေါ်လာခဲ့တာဖြစ်တဲ့အတွက် အနောက်အုပ်စုကို ထောက်ခံသူတွေနဲ့ တင်မာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဆင့်ခေါ်မယ့် အရန်တပ်သား စုစုပေါင်း ၃ သိန်း အထိဖြစ်နိုင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီ ရှို့ဂူ ကပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို တော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ရုရှားသမ္မတ ပူတင်ရဲ့ အရန်တပ်သား ဆင့်ခေါ်ရေးအမိန့်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မော်စကိုမြို့ နဲ့ စိန့်ပီတာစဘတ် အပါအဝင် မြို့ကြီးတွေမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ရုရှားနိုင်ငံသား ၁,၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအမိန့်ထုတ်ပြန်ပြီးတဲ့နောက် ရုရှားနိုင်ငံသားအချို့ဟာ စစ်မှုမထမ်းချင်တဲ့အတွက် နိုင်ငံအတွင်းက ထွက်ပြေးဖို့ လေယာဉ်လက်မှတ်တွေကို အပြေးအလွားဝယ်ယူဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်ရဲ့ ၁၄ မိနစ်ကြာပြောကြားခဲ့တဲ့ ရုပ်မြင်သံကြားမိန့်ခွန်းအတွင်းမှာ “ရုရှားရဲ့ ပိုင်နက်ကို ကာကွယ်ဖို့အတွက် တပ်နိုင်သမျှအရာအားလုံးကို အသုံးပြုရပါလိမ့်မယ် ဒါဟာ ရုရှားရဲ့ အဆိုးမဟုတ်ဘူး” လို့ နျူကလီးယား လက်နက်တွေကို ရည်ညွန်ပြီး အနောက်နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။

ပြင်းထန်တဲ့ စစ်မြေပြင် ဆုံးရှုံးမှုတွေနဲ့ ရှေ့တန်းကို စစ်မြေပြင်ကို တိုးချဲ့ဖို့ရုရှားရဲ့ လုပ်ဆောင်ချက်ဟာ မျှော်လင့်ထားတာထက် ကြာမြင့်နေသလို ရုရှားဟာ ယူကရိန်းမှာ တပ်သားတွေပြန်လည်ဖြည့်တင်ဖို့ ရန်းကန်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

— ကိုးကား —
အေပီ
ref; Putin orders partial military call-up, sparking protests

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။