Trending Now

တရုတ်နိုင်ငံတွင် ကိုဗစ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးပြီးနောက် ဆေးဝါးများ ဝယ်ယူစုဆောင်းသူ များပြားလာ

Spread the love

တရုတ်နိုင်ငံတွင် ကိုဗစ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးပြီးနောက် ဆေးဝါးများ ဝယ်ယူစုဆောင်းသူ များပြားလာ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၇

တရုတ်နိုင်ငံတွင် ကိုဗစ်ထိန်းချုပ်မှုများ ဖြေလျှော့ ပေးပြီးနောက် တရုတ်ပြည်သူအများအပြားသည် ဆေးဝါးများကို အလျင်စလို ဝယ်ယူစုဆောင်းနေကြကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကိုဗစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အဏာပိုင်များက ကိုဗစ်ထိန်းချုပ်မှုများဖြေလျော့ပေးခဲ့သဖြင့် ပြည်သူအများအပြားက ကိုဗစ်ကူးစက်မှုပြန်လည်မြင့်တက်လာမည်ကို စိုးရိမ်လာပြီး ဆေးဝါးများဝယ်ယူစုဆောင်းနေခြင်းဖြစ်သည်။

အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် သက်ကြီးရွယ်အိုများသည် ရောဂါဒဏ်ကို ပိုမိုခံစားရနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံရန် အလျင်စလိုလုပ်ဆောင်နေကြသလို အကိုက်အခဲပျောက်ဆေး နှင့် ဗီတာမင်ဆေးဝါးများအပြင် oximeters ကဲ့သို့သော ကိရိယာများကိုပါ ဝယ်ယူစုဆောင်းနေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ e-commerce ပလက်ဖောင်းတစ်ခုဖြစ်သည့် JD တွင် အခုရက်ပိုင်းအတွင်း အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် ရောင်ရမ်းခြင်း ပျောက်ဆေးများ ဝယ်ယူမှု ၁၈ ဆတိုးလာကြောင်း ဘဏ္ဍာရေးဝဘ်ဆိုက် JRJ

က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် နိုင်ငံတစ်ဝှမ်းရှိ လက်လီရောင်းချသူများကို ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ ဈေးနှုန်းများ မြင့်တက်ခြင်းမပြုလုပ်ရန် မကြာသေးမီရက်များအတွင်းက အထူးသတိပေးထားသည်။

“ကျေးဇူးပြုပြီး ဆင်ခြင်တုံတရားနဲ့ ဝယ်ပါ၊ အရေးပေါ်ဆေးတစ်ချို့ကို ဝယ်ယူထားဖို့လိုအပ်ပေမယ့် ၊ မျက်စိစုံမှိတ် မစုကြပါနဲ့ ” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက အစိုးရပိုင် သတင်းဌာနတွင် ပြောကြားထားသည်။

တရုတ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းများဖြစ်သည့် wechat နှင့် weibo တို့တွင် အရေးပေါ်ဆေးဝါး စာရင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပြီး အဆိုပါစာရင်းများတွင် သာမန်အအေးမိဆေး Lianhua Qingwen၊ ရောင်ရမ်းမှု သက်သာစေသောဆေး Ibuprofen နှင့် ဗီတာမင် C တက်ဘလက်များ အပါအဝင် ဆေးဝါးရှစ်မျိုး ပါရှိသည်။

ပြည်သူအများအပြားက ဆေးဝါးများ အလျှင်စလို ဝယ်ယူနေသည့်အပေါ် ကွမ်ကျိုးရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဆန်းကျူ က ဆေးဝါးများကို ကျပန်းသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် သတိပေးထားသည်။

— ကိုးကား —
ရိုက်တာ
ref; China’s hopes of looser COVID rules sets off rush for fever drugs

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။