Trending Now

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်တွင် အမျိုးသမီးနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်တွင် အမျိုးသမီးနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းက အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနှင့်အတူ ဗန်းမော်- မံစီ သွားကာလမ်းတွင် မလုပန် မောင်းနှင်ပြီး မဆိုင်းခေါန် စီးနှင်းလိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ပြား ( ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉ သိန်း) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ မလုပန် ( ၂၉ ) နှစ်နှင့် မဆိုင်းခေါန် ( ၃၄) နှစ် တို့အား ဗန်းမော်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားလျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။