Trending Now

လွယ်ဂျယ် ဒေသထွက် သစ်ကြားသီး အလုံး ၄၀၀၀ ပါ တစ်အိတ်လျှင် ၃ သိန်း နီးပါးထိ ဈေးမြင့်တက်လာ

Spread the love

လွယ်ဂျယ် ဒေသထွက် သစ်ကြားသီး အလုံး ၄၀၀၀ ပါ တစ်အိတ်လျှင် ၃ သိန်း နီးပါးထိ ဈေးမြင့်တက်လာ

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁၃

လွယ်ဂျယ် ဒေသထွက် သစ်ကြားသီးများ တရုတ်ငွေ ဈေးမြင့်မှုကြောင့် ယခုနှစ်တွင် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဈေးကောင်းလျက်ရှိကြောင်း ဗန်းမော်မြို့ရှိ သစ်ကြားသီးဒိုင်များထံမှ သိရသည်။

သစ်ကြားသီးများမှာ ကချင်ပြည်နယ် ဒေသများဖြစ်သည့် ဆဒုံး ၊ ချီဖွေ ၊ ပူတာအို စသည့် ဒေသများမှ ထွက်ရှိသော်လည်း လွယ်ဂျယ်ဒေသထွက် အသီးမှာ ကြာရှည်အထားခံပြီး အပျက်အစီး နည်းပါးသည့်အတွက် ပိုဈေးကောင်းလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လပိုင်းက သစ်ကြားသီး အလုံး ၁၀၀ လျှင် ၅၀၀၀ ကျပ်နှုန်းသာရှိသော်လည်း လက်ရှိတွင် အလုံး ၁၀၀ လျှင် ၇၀၀၀ ထိမြင့်တက်လာပြီး အလုံး လေးထောင်ပါတစ်အိတ်လျှင် နှစ်သိန်းရှစ်သောင်းကျပ်ထိရှိလာပြီး လက်လီဈေးကွက်တွင် အလုံး ၁၀၀လျှင် ၉၀၀၀ ကျပ်ထိ ဈေးပေါက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးမြင့်တက်ရခြင်းမှာ လွယ်ဂျယ်ဒေသမှာ ထွက်ရှိသည့်အသီးများကို တရုတ်ငွေဖြင့် ပေးချေဝယ်ယူရခြင်းဖြစ်သည့်အတွက် တရုတ်ငွေဈေးပေါ်မူတည်၍ ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ဗန်းမော်သစ်ကြားသီးရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

“အရင်ကတော့ အဲ့လောက်ဈေးမရှိသေးဘူး အခုနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတယ် ကျွန်တော်တို့က တရုတ်ငွေနဲ့ တိုက်ရိုက်ဝယ်ရတဲ့အခါကျတော့ ဈေးမြင့်သလိုဖြစ်လာတာ “ဟု ၎င်းကပြောသည်။

ဗန်းမော်မြို့တွင် သစ်ကြားသီးဈေးမြင့်တက်သော်လည်း ဝယ်ယူသူများနေသလို မြစ်ကြီးနား ၊ ရန်ကုန်၊ မန္တလေး နယ်များတွင်လည်း ပို့ဆောင်ပေးနေရသည့်အတွက် လက်ရှိသစ်ကြားသီးများမှာ ကုန်နိုင်ခြေရှိပြီး ဈေးနှုန်းလည်းထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။