Trending Now

ရန်ကုန်တိုင်းအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း (၂၀၀၀)ဦးခန့် ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု ခွင့်ပြုပေး

Spread the love

ရန်ကုန်တိုင်းအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း (၂၀၀၀)ဦးခန့် ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု ခွင့်ပြုပေး

EPN
ရန်ကုန်၊ ဧပြီ ၂၆ (၂၀၂၄)

ရန်ကုန်တိုင်းအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း (၂၀၀၀)ဦးခန့် ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခုကို ပြီးခဲ့သည့် ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းကကျင်းပခဲ့ပြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ ဖက်စပ် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၂)ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခုသည် စက်မှုကဏ္ဍ၊ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်း ကြိတ်ခွဲသန့်စင်ထုတ်ပိုး၍ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် စက္ကူအိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်ခြင်းလုပ်ငန်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာငွေကျပ်သန်း (၄၀၀၀)နှင့် အမေရိကန်ဒေါ်လာ (၄ ဒဿမ ၁၀၃ သန်း) ဖြစ်ပြီး၊ ပြည်တွင်းမှအလုပ်သမား (၁၉၅၂)ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။