Trending Now

ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦး ဖမ်းဆီးခံရ

Spread the love

ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦး ဖမ်းဆီးခံရ
EPN
နိုင်ငံတကာ၊ မေလ ၂
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦးနဲ့ ထိုင်း ကားမောင်း သမားကို ယမန်နေ့က ဟက်ရိုင်မြို့မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦးမှာ အမျိုးသား၁၄ ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ထိုင်းအစိုးရတာဝန် ရှိသူတွေက ပြောပါတယ်။ 
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်ကပ် ကားနဲ့ ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး ကားကို ထိုင်းစစ်ဆေးရေး ဂိတ်က တာဝန်ရှိသူတွေက ရပ်တန့်ခိုင်းချိန်မှာ ကားမောင်းထွက်ပြေးခဲ့ကြောင်း၊ ကားမောင်းထွက်ပြေးပြီးနောက် ကားလမ်းဘေးရှိ တန်းနဲ့ ကားတိုက်မိခဲ့ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။ 
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ဟက်ရိုင်မြို့ရှိ ဘန်ဖြူ(Ban Phru)ကို သွားရောက်ဖို့ အတွက် ထိုင်းကားမောင်းသမားကို အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ် ၃၀၀၀ ပေးခဲ့ရတယ်လို့ ဘန်ကောက် ပို့စ်သတင်းစာက ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ အသက် ၄၀ အရွယ်ရှိ ထိုင်းကားမောင်းသမားနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းမေးမြန်းနေတယ်လို့ ထိုင်းအစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။
————————————————–

EPN



 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။