Trending Now

မြန်မာအာဏာပိုင်များအနေဖြင့် ပြည်သူ့အသံကို အလေးထားရန် ကုလသမဂ္ဂ အကြီးအကဲ ထပ်မံတောင်းဆို

Spread the love

မြန်မာအာဏာပိုင်များအနေဖြင့် ပြည်သူ့အသံကို အလေးထားရန် ကုလသမဂ္ဂ အကြီးအကဲ ထပ်မံတောင်းဆို

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၂

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံတွင် အကျဉ်းသားများ လွှတ်ပေးရေး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုများသည် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဂူတာရက်စ်သည် ဖနွမ်းပင်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂူတာရက်စ်က “မြန်မာနိုင်ငံအခြေအနေဟာ ပြည်သူတွေအတွက် မဆုံးနိုင်တဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။ အရပ်သားတွေကို ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေဟာ ဆိုးရွားပြီး ကြေကွဲဖွယ်ရာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ စကားကို နားထောင်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ် ချက်ချင်းပြန်ရောက်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းချင်ပါတယ်။” လို့ ပြောဆိုခဲ့သည်။

“ဒါက တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းပဲ” ဟု ဂူတာရက်စ်က ထည့်သွင်းပြောဆိုခဲ့ပြီး အာဆီယံအနေဖြင့်လည်း မြန်မာပြည်သူများ၏ လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို အဓိကထား၍ မဟာဗျူဟာကို ရှာဖွေရန်တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး အခြေအနေများ ဖန်တီးပေးရန်လည်း ၎င်းက မြန်မာနိုင်ငံအား တောင်းဆိုကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။