Trending Now

ဂ်ပန္ႏိုင္ငံသို႕ သြားေရာက္လိုသူမ်ားအတြက္ အခြင့္အလမ္းေကာင္းေတြ ရရွိေစမည့္ ဗန္းေမာ္ျမိဳ ့က Fuji Sky ဂ်ပန္စာသင္တန္းေက်ာင္း

Spread the love

ဂ်ပန္ႏိုင္ငံသို႕ သြားေရာက္လိုသူမ်ားအတြက္ အခြင့္အလမ္းေကာင္းေတြ ရရွိေစမည့္
ဗန္းေမာ္ျမိဳ ့က Fuji Sky ဂ်ပန္စာသင္တန္းေက်ာင္း

EPN
ဗန္းေမာ္၊ မတ္ ၁၉

ကခ်င္ျပည္နယ္ ဗန္းေမာ္ျမိဳ ့ေနာင္ခိုရပ္ကြက္၊ မင္းလွရပ္ အထက(၄) အနီး မွာရွိတဲ့ Fuji Sky ဂ်ပန္စသင္တန္းေက်ာင္းဟာ ဂ်ပန္စာ၊ ဂ်ပန္စကား သင္ၾကားေပးရံုသာမက ဂ်ပန္ နိုင္ငံသို ့သြားေရာက္၍ ေက်ာင္းတက္လိုသူမ်ား၊ အလုပ္လုပ္ကိုင္လိုသူမ်ား ကို အခေၾကးေငြ မယူဘဲ ကူညီေဆာင္ရြက္ ေပးလွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ဂ်ပန္စာသင္တန္းေက်ာင္းကို ဂ်ပန္ FUJI SKY Co., Ltd ႏွင့္ ဗန္းေမာ္ၿမိဳ ့ KKK အုတ္ထုတ္လုပ္ျဖန္ ့ျဖဴးေရာင္းခ်ေရး လုပ္ငန္းတို႕ ပူးေပါင္းဖြင့္လွစ္ျခင္း ျဖစ္ေၾကာင္းသိရသည္။ ယခုလို ေႏြရာသီ ေက်ာင္းပိတ္ရက္ အားလပ္ရက္မွာ ေက်ာင္းသားေက်ာင္းသုူမ်ား ဂ်ပန္စာႏွင့္ ဂ်ပန္စကားေျပာပညာမ်ား တတ္ေျမာက္ေစ ရန္ ႏွင့္ ဂ်ပန္ႏိုင္ငံသို႕ ေက်ာင္းတက္၊ အလုပ္လုပ္သြားလိုသည့္ လူငယ္မ်ားအတြက္ အခြမ္းအလမ္းတစ္ရပ္ရရွိေစရန္ ရည္ရြယ္၍ သင္တန္းကို ဖြင့္လွစ္ရျခင္းျဖစ္တယ္ လို႕ ေက်ာင္းအုပ္ႀကီး ေဒၚမရန္ေခါန္နန္က ေျပာသည္။

Fuji Sky ဂ်ပန္စာသင္တန္းေက်ာင္းကို ၂၀၁၇ခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ဂ်ပန္စာကို Level 5 မွ Level 1 အထိ သင္ၾကားေပးလွ်က္ရွိသည္။ စတင္ ဖြင့္လွစ္ခ်ိန္မွ ယေန ့အထိ သင္တန္း ေအာင္ျမင္ျပီးသုူ ၆၀ ဦးေက်ာ္ရွိၿပီ ျဖစ္ေၾကာင္း သိရပါသည္။ သင္တန္းကို လစဥ္ အဂၤလိပ္လဆန္း ၁ရက္ေန႕မွ စတင္ ေရာက္ႏိုင္ၿပီး သင္တန္းကာလမွ တစ္လျဖစ္သည္။

“သင္တန္းအခ်ိန္မ်ားမွာ နံနက္ ၆ နာရီမွ ည ၈ နာရီ အထိ ျဖစ္ပါတယ္။ သင္တန္းတစ္ခုကို တစ္ရက္လ်ွင္၂နာရီ ျကာသင္ျကားပို ့ေပးပါတယ္၊ သင္တန္းဆရာ/ဆရာမမ်ားမွာ ဂ်ပန္ဆရာ တစ္ဦး၊ ဆရာမ တစ္ ဦး၊ ျမန္မာ ဆရာမ ၃ ဦးရွိပါတယ္ “ဟု ျမန္မာ သင္တန္းဆရာမ တစ္ဦးက ရွင္းျပပါတယ္။

၂၀၁၉ ခုႏွစ္ မတ္လအတြင္း  N5 တြင္ ၂၀ ဦး၊ N4 တြင္ ၇ ဦး၊ N3 တြင္ ၃ ဦးရွိၿပီး N2 ႏွင္ ့ N1 တို႕တြင္ တက္ေရာက္သူမရွိေသးေၾကာင္း သိရသည္။

ဂ်ပန္နိုင္ငံသို႕ သြားေရာက္၍ အလုပ္လုပ္ကိုင္လုိသူမ်ား၊ ေက်ာင္းတက္၍ ပညာသင္ျကားလိုသူမ်ား အခက္အခဲမရွိ ဂ်ပန္စာတတ္ေျမာက္ေအာင္၊ ဂ်ပန္စကားေျပာတတ္ေအာင္ ဒီသင္တန္းေက်ာင္းက သင္ၾကားေပးေနတယ္ဆိုတာ ျပည္သုူအမ်ားသိရေအာင္ရယ္၊ အလုပ္လုပ္သူမ်ားအေန ျဖင့္ ဂ်ပန္ ေရာက္ရင္ ေစ်းေရာင္းတတ္ေအာင္လို ့ရယ္ အစရွိတ့ဲ ရည္ရြယ္ခ်က္မ်ား ျဖင့္ ၿပီးခဲ့သည့္ မတ္လ ၁၆ ရက္ က ဂ်ပန္ေစ်းေရာင္းပြဲေတာ္ကို က်င္းပေပးခဲ့ေၾကာင္း  ေက်ာင္းအုပ္ႀကီး ေဒၚမရန္ေခါန္နန္ က ထပ္မံ ၍ ေျပာျပပါတယ္။

“အရင္ ဂ်ပန္စာ၊ ဂ်ပန္စကားသင္ၾကား လိုလ်ွင္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ စတဲ့ ၿမိဳ႕ႀကီးေတြဆီ သြားေရာက္ၿပီးသင္ျကားမွ ရတယ္။ အခု ဗန္းေမာ္ၿမိဳ႕ေပၚမွာတြင္ သင္ရေတာ့ ေငြကုန္က်စရိတ္ သက္သာတယ္။ လူပင္ပန္းမွဳ သက္သာတယ္။ အလုပ္အကိုင္မပ်က္ဘဲ သင္လို ့ရတယ္၊ သင္တန္းမွာ ဗန္းေမာ္ နဲ႕ မိုင္၈၀ ေဝးတ့ဲ၊ ေရြကူ ျမိဳ ့မွ သင္တန္း သား၂ ဦး ရွိတယ္၊ စေန၊ တနဂၤေႏြရက္မွာ သင္တန္း လာတက္ျပီး တနလၤာမနက္ေစာေစာျပန္သြားျကတယ္။ ဂ်ပန္ နိုင္ငံသို႕ အလုပ္ သြားလုပ္ဖို ့ စီစဥ္ေနပါျပီ” ဟု သင္တန္းတက္ထားသူ အသက္၃၀ခန္ ႕အရြယ္ အမ်ိဳးသားတစ္ဦးက ေျပာျပခ့ဲပါတယ္။

တစ္လလွ်င္ ေငြက်ပ္ႏွစ္ေသာင္းျဖင့္  သင္တန္းေၾကးလဲမမ်ား အလုပ္အကိုင္လဲမပ်က္ တက္ေရာက္ႏိုင္သျဖင့္ ဂ်ပန္ႏိုင္ငံသို႕ သြားေရာက္ အလုပ္လုပ္ကိုင္လိုသူ ေဒသခံလူငယ္ေမာင္မယ္မ်ား၊ ေက်ာင္းတက္လိုသူမ်ား အတြက္အလုပ္အကိုင္ အခြင့္အလမ္းေကာင္း တစ္ခုရရွိေစမည့္ Fuji Sky ဂ်ပန္စာသင္တန္း ေက်ာင္းေတာ္ႀကီးဆီသို႕ တက္ေရာက္ႏိုင္ပါရန္ ေရးသားတင္ျပလိုက္ပါတယ္။

ဗန္းေမာ္သုခမိန္
————————————-

ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် အခွင့်အလမ်းကောင်းတွေ ရရှိစေမည့်

ဗန်းမော်မြို့က Fuji Sky ဂျပန်စာသင်တန်းကျောင်း

EPN
ဗန်းမော်၊ မတ် ၁၉

ကချင်ပြည်နယ် ဗန်းမော်မြို့နောင်ခိုရပ်ကွက်၊ မင်းလှရပ် အထက(၄) အနီး မှာရှိတဲ့ Fuji Sky ဂျပန်စသင်တန်းကျောင်းဟာ ဂျပန်စာ၊ ဂျပန်စကား သင်ကြားပေးရုံသာမက ဂျပန် နိုင်ငံသို့သွားရောက်၍ ကျောင်းတက်လိုသူများ၊ အလုပ်လုပ်ကိုင်လိုသူများ ကို အခကြေးငွေ မယူဘဲ ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဂျပန်စာသင်တန်းကျောင်းကို ဂျပန် FUJI SKY Co., Ltd နှင့် ဗန်းမော်မြို့ KKK အုတ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။ ယခုလို နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်မှာ ကျောင်းသားကျောင်းသုူများ ဂျပန်စာနှင့် ဂျပန်စကားပြောပညာများ တတ်မြောက်စေ ရန် နှင့် ဂျပန်နိုင်ငံသို့ ကျောင်းတက်၊ အလုပ်လုပ်သွားလိုသည့် လူငယ်များအတွက် အခွမ်းအလမ်းတစ်ရပ်ရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ် လို့ ကျောင်းအုပ်ကြီး ဒေါ်မရန်ခေါန်နန်က ပြောသည်။

Fuji Sky ဂျပန်စာသင်တန်းကျောင်းကို ၂၀၁၇ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်စာကို Level 5 မှ Level 1 အထိ သင်ကြားပေးလျှက်ရှိသည်။ စတင် ဖွင့်လှစ်ချိန်မှ ယနေ့အထိ သင်တန်း အောင်မြင်ပြီးသုူ ၆၀ ဦးကျော်ရှိပြီ ဖြစ်ကြောင်း သိရပါသည်။ သင်တန်းကို လစဉ် အင်္ဂလိပ်လဆန်း ၁ရက်နေ့မှ စတင် ရောက်နိုင်ပြီး သင်တန်းကာလမှ တစ်လဖြစ်သည်။

“သင်တန်းအချိန်များမှာ နံနက် ၆ နာရီမှ ည ၈ နာရီ အထိ ဖြစ်ပါတယ်။ သင်တန်းတစ်ခုကို တစ်ရက်လျှင်၂နာရီ ကြာသင်ကြားပို့ပေးပါတယ်၊ သင်တန်းဆရာ/ဆရာမများမှာ ဂျပန်ဆရာ တစ်ဦး၊ ဆရာမ တစ် ဦး၊ မြန်မာ ဆရာမ ၃ ဦးရှိပါတယ် “ဟု မြန်မာ သင်တန်းဆရာမ တစ်ဦးက ရှင်းပြပါတယ်။

၂၀၁၉ ခုနှစ် မတ်လအတွင်း  N5 တွင် ၂၀ ဦး၊ N4 တွင် ၇ ဦး၊ N3 တွင် ၃ ဦးရှိပြီး N2 နှင့် N1 တို့တွင် တက်ရောက်သူမရှိသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်လိုသူများ၊ ကျောင်းတက်၍ ပညာသင်ကြားလိုသူများ အခက်အခဲမရှိ ဂျပန်စာတတ်မြောက်အောင်၊ ဂျပန်စကားပြောတတ်အောင် ဒီသင်တန်းကျောင်းက သင်ကြားပေးနေတယ်ဆိုတာ ပြည်သုူအများသိရအောင်ရယ်၊ အလုပ်လုပ်သူများအနေ ဖြင့် ဂျပန် ရောက်ရင် ဈေးရောင်းတတ်အောင်လို့ရယ် အစရှိတဲ့ ရည်ရွယ်ချက်များ ဖြင့် ပြီးခဲ့သည့် မတ်လ ၁၆ ရက် က ဂျပန်ဈေးရောင်းပွဲတော်ကို ကျင်းပပေးခဲ့ကြောင်း  ကျောင်းအုပ်ကြီး ဒေါ်မရန်ခေါန်နန် က ထပ်မံ ၍ ပြောပြပါတယ်။

“အရင် ဂျပန်စာ၊ ဂျပန်စကားသင်ကြား လိုလျှင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေဆီ သွားရောက်ပြီးသင်ကြားမှ ရတယ်။ အခု ဗန်းမော်မြို့ပေါ်မှာတွင် သင်ရတော့ ငွေကုန်ကျစရိတ် သက်သာတယ်။ လူပင်ပန်းမှု သက်သာတယ်။ အလုပ်အကိုင်မပျက်ဘဲ သင်လို့ရတယ်၊ သင်တန်းမှာ ဗန်းမော် နဲ့ မိုင်၈၀ ဝေးတဲ့၊ ရွေကူ မြို့မှ သင်တန်း သား၂ ဦး ရှိတယ်၊ စနေ၊ တနင်္ဂနွေရက်မှာ သင်တန်း လာတက်ပြီး တနင်္လာမနက်စောစောပြန်သွားကြတယ်။ ဂျပန် နိုင်ငံသို့ အလုပ် သွားလုပ်ဖို့ စီစဉ်နေပါပြီ” ဟု သင်တန်းတက်ထားသူ အသက်၃၀ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောပြခဲ့ပါတယ်။

တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့်  သင်တန်းကြေးလဲမများ အလုပ်အကိုင်လဲမပျက် တက်ရောက်နိုင်သဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ ဒေသခံလူငယ်မောင်မယ်များ၊ ကျောင်းတက်လိုသူများ အတွက်အလုပ်အကိုင် အခွင့်အလမ်းကောင်း တစ်ခုရရှိစေမည့် Fuji Sky ဂျပန်စာသင်တန်း ကျောင်းတော်ကြီးဆီသို့ တက်ရောက်နိုင်ပါရန် ရေးသားတင်ပြလိုက်ပါတယ်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။