Trending Now

အိပ်ရေးပျက်ခြင်းက ဦးနှောက်ကျန်းမာရေးနှင့် ဆက်စပ်နေ

Spread the love

အိပ်ရေးပျက်ခြင်းက ဦးနှောက်ကျန်းမာရေးနှင့် ဆက်စပ်နေ

EPN
နိုင်ငံတကာ၊ မတ် ၁၇

လူလတ်ပိုင်းအရွယ်တွင် အိပ်ရေးပျက်ခြင်းသည် ဦးနှောက်ကျန်းမာရေးကို အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) မှ သုတေသီများ၏ မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရသည်။

ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါလေ့လာမှုသည် အသက် ၃၇ နှစ်မှ ၇၃ နှစ်ကြား လူ ၂၉,၀၀၀ ၏ အိပ်စက်ခြင်းအလေ့အထကို ဆန်းစစ်ခဲ့ကြောင်း ဖော်ပြထားသည်။

တစ်နေ့လျှင် အိပ်ချိန် ခြောက်နာရီထက်နည်းပါက မှတ်ဉာဏ်နည်းပါးလာခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး နေ့ခင်းဘက် မူးဝေခြင်းသည် ဦးနှောက်ကျန်းမာရေး ချို့ယွင်းခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။

သုတေသနခေါင်းဆောင် Tergel Namsrai က တွေ့ရှိချက်သည် စိတ်ရောဂါ၊ ရူးသွပ်မှု ကဲသို့ အာရုံကြောဆိုင်ရာရောဂါများကို တိုက်ဖျက်ရန် အခြေခံကို ပံ့ပိုးပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝှမ်းရှိ လူ ၅၅ သန်းကျော်သည် လက်ရှိတွင် စိတ်ကျရောဂါရှိနေကြပြီး ၂၀၅၀ ခုနှစ်တွင် သန်း ၁၅၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။

လောလောဆယ်တွင် စိတ်ကျရောဂါအတွက် ကုသဆေးမရှိသေးကြောင်း Namsrai မှ ပြောကြားခဲ့ပြီး အန္တရာယ်ဖြစ်စေသောအချက်များကို ဖော်ထုတ်ရန် ပိုမိုအရေးကြီးကြောင်း ပြောကြားခဲ့သည်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။