Trending Now

ရုရှားသူလျှို ၄၀၀ ကျော်ကို ဥရောပကနေ နှင်ထုတ်လိုက်တယ်လို့ ဗြိတိန်လုံခြုံရေးအကြီးအကဲပြော

Spread the love

ရုရှားသူလျှို ၄၀၀ ကျော်ကို ဥရောပကနေ နှင်ထုတ်လိုက်တယ်လို့ ဗြိတိန်လုံခြုံရေးအကြီးအကဲပြော

EPN
နိုင်ငံတကာ၊ နိုoင်ဘာ ၁၇

ရုရှားသူလျှိုလို့ ယူဆရတဲ့ ရာနဲ့ ချီတဲ့လူတွေကို အခုနှစ်အတွင်းမှာ ဥရောပကနေ နှင်ထုတ်လိုက်တယ်လို့ ဗြိတိန်ပြည်တွင်းလုံခြုံရေးအကြီးအကဲက ပြောကြားလိုက်ပါတယ်။

ထောက်လှမ်းရေးအေဂျင်စီ MI5 ညွှန်ကြားရေးမှူးချုပ် မက်စ်ကောလင်း က ဗြိတိန်နဲ့ ပြည်ပ လုံခြုံရေး ခြိမ်းခြောက်မှုတွေအကြောင်း နိုoင်ဘာ ၁၆ ရက်နေ့မှာ သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဗြိတိန်ထောက်လှမ်းရေးက သူလျှိုတွေလို့ အစီရင်ခံထားတဲ့ လူပေါင်း ၄၀၀ ကျော်အပါအဝင် ရုရှားအရှာရှိ ၆၀၀ ကျော်ကို ဥရောပကနေ နှင်ထုတ်ခဲ့တယ်လို့ မက်စ်ကောလင်း ကပြောပါတယ်။

ဒီလုပ်ဆောင်မှုဟာ ဥရောပသမိုင်းမှာ ရုရှားထောက်လှမ်းရေးတွေကို နှင်ထုတ်ခဲ့တဲ့ အထင်ရှားဆုံး ဗျူဟာမြောက် ထိုးနှက်ချက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေအပြင် ဆိုက်ဘာတိုက်ခိုက်မှုနဲ့ မဟုတ်မမှန်သတင်းတွေနဲ့ ရုရှားရဲ့ သြဇာလွမ်းမိုးမှုကို သတိရှိဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်နဲ့ အီရန်တို့ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း သူကထည့်သွင်းပြောဆိုခဲ့ပြီး တရုတ်နိုင်ငံဟာ နိုင်ငံရေးအခင်းအကျင်းထဲက အထင်ကရလွတ်တော်အမတ်တွေကိုသာမက ပြည်သူတွေကိုပါ သြဇာလွမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့လည်း သူကပြောပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံရပ်ခြားမှာရှိတဲ့ တရုတ်ရဲစခန်းတွေနဲ့ အခြားနေရာတွေကနေ လူထုကို လွမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေပြီး သမ္မတ ရှီကျင့်ဖျင် အာဏာဆက်လက်ရရှိထားတာကြောင့် ဒီလိုလုပ်ဆောင်မှုတွေ ပိုမိုတိုးလာနိုင်တယ်လို့ မက်စ်ကောလင်းက ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
NHK
Ref; UK domestic security chief: Over 400 Russian spies expelled from Europe

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။