Trending Now

Chatgpt ဦးစားပေးအသုံးပြုခွင့် လစဉ် ဒေါ်လာ ၂၀ အစီအစဉ်ကို ကြေညာ

Spread the love

Chatgpt ဦးစားပေးအသုံးပြုခွင့် လစဉ် ဒေါ်လာ ၂၀ အစီအစဉ်ကို ကြေညာ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂

ChatGPT ဦးစားပေးအသုံးပြုခွင့် အစီအစဉ်ဖြစ်တဲ့ ChatGPT Plus ကို လစဉ် ဒေါ်လာ ၂၀ နဲ့ အသုံးပြုနိုင်တယ်လို့ OpenAI က ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ChatGPT ဆိုတာ OpenAI က ဖန်တီးထားတဲ့ chatbot တစ်ခုဖြစ်ပြီး ရှုပ်ထွေးတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားနိုင်သလို ကဗျာ၊အက်ဆေး၊ သီချင်းတွေနဲ့ ဝတ္တုတွေအပြင် ကွန်ပြူတာ program တွေကို ပါ အသုံးပြုသူတွေအတွက် ရေးသားပေးနိုင်ပါတယ်။

ChatGPT ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ လအတွင်းမှာ အီလွန်မတ် ဦးဆောင်တဲ့ OpenAI က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး လူတွေကို အထောက်အကူပြုနိုင်တဲ့ အသိဉာဏ်တု AI နည်းပညာနယ်ပယ်ကို တိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ChatGPT ကို မိတ်ဆက်ပြီး နှစ်လအကြာမှာတော့ ကျောင်းသားတွေဟာ သူတို့ရဲ့ ကျောင်းစာတွေ၊ အက်ဆေးတွေ နဲ့ ခက်ခဲတဲ့ ပုစ္ဆာတွေကို ဖြေရှင်းဖို့အတွက် ChatGPT ကို အသုံးပြုလာကြပါတယ်။

ဒါ့ကြောင့် တက္ကသိုလ်တွေဟာ ChatGPT အသုံးပြုမှုကို စတင်ပိတ်ပင်ခဲ့ရသလို အချို့သော သိပ္ပံဂျာနယ်တွေမှာ chatbot အသုံးပြုတာကို ပိတ်ပင်တားမြစ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ လူအများကြားမှာ ChatGPT အသုံးပြုမှုနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့ လူတွေရှိသလို မကောင်းတဲ့ နယ်ပယ်မှာ အသုံးပြုရင် ဆိုးရွားတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်ဆိုပြီး မှတ်ချက်ပြုနေတဲ့ လူတွေလဲ ရှိနေပါတယ်။

Ref; chatgpt

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။