Trending Now

တရုတ်နယ်စပ်ဂိတ်တွေ ဇန်နဝါရီလမှာ အကုန်ပြန်ဖွင့်ဖို့စီစဉ်နေ

Spread the love

တရုတ်နယ်စပ်ဂိတ်တွေ ဇန်နဝါရီလမှာ အကုန်ပြန်ဖွင့်ဖို့စီစဉ်နေ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၃

မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေအပါအဝင် တရုတ်နယ်စပ်ဂိတ်တွေအာလုံးကို လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ပြန်ဖွင့်ဖို့စီစဉ်နေကြောင်း တရုတ်ဘက်က စာထုတ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် တရုတ်ပြည်ထဲကို ဝင်ရောက်မယ့်သူတွေဟာ (၂၄)နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာအပြည့်အစုံပါရှိရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တည်ခိုရာနေရာမှာ ၇ ရက်တိတိ စောင့်ကြည့်ခံပြီးမှသာ တရုတ်နယ်စပ်မြို့တွေအတွင်းမှာ လှုပ်ရှားသွားလာခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းကပဲ ကချင်ပြည်နယ်အတွင်းက လွယ်ဂျယ်ဂိတ်အပါအဝင် တရုတ်-မြန်မာ နယ်စပ်ဂိတ်အချို့ကို ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျော့ပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်းက ကုန်တင်ကားတွေဟာ တရုတ်ပြည်ထဲက ယာဉ်ရပ်နားစခန်းတွေအထိ တိုက်ရိုက်ဝင်ရောက်ခွင့်ရနေပြီလို့ သိရပါတယ်။

တရုတ်ဘက်က ကိုဗစ်စည်းကမ်းတွေ တင်ကျပ်စွာသတ်မှတ်ထားတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် တစ်နိုင်ငံလုံးနီးပါးကို ကိုဗစ်စည်းကမ်းတင်ကျပ်မှုတွေကို ဖြေလျော့ပေးခဲ့ပြီးနောက် နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဝလုံး
Photo – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။