Trending Now

BRICS က လာမယ့်နှစ်မှာ အဖွဲ့ဝင်သစ် ခြောက်ဦးကို လက်ခံမည်

Spread the love

BRICS က လာမယ့်နှစ်မှာ အဖွဲ့ဝင်သစ် ခြောက်ဦးကို လက်ခံမည်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၅

တောင်အာဖရိကသမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာက လာမယ်နှစ်ဦးပိုင်းမှာ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ အီရန်တို့အပါအဝင် အဖွဲ့ဝင်အသစ်ခြောက်ဦးကို ထွန်းသစ်စနိုင်ငံ BRICS အသင်းက လက်ခံသွားမယ်လို့ သြဂုတ်လ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

“အာဂျင်တီးနားသမ္မတနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ အာရပ်သမ္မတနိုင်ငံ၊ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့ကို BRICS ရဲ့ အဖွဲ့ဝင် နိုင်ငံအဖြစ် ဖိတ်ခေါ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။” လို့ ရာမာဖိုဆာက ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇနဝါရီလဆန်းပိုင်းမှာ စတင်အသက်ဝင်မယ်လို့ ဆိုပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ တည်ထောင်ထားတဲ့ BRICS အဖွဲ့ရဲ့ အစည်းရဲ့ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးအတွင်းမှာ အဖွဲ့ဝင်သစ်တွေလက်ခံဖို့ အခြေအတင်ဆွေးနွေးခဲ့ကြပြီးနောက် အခုလို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေးရဲ့ လေးပုံတစ်ပုံနဲ့ လူသုံးဘီလီယံကျော်ကို ကိုယ်စားပြုတဲ့ BRICS အဖွဲ့အစည်းကိုဝင်ရောက်ဖို့ နိုင်ငံပေါင်း နှစ်ဒါဇင်နီးပါးက တရားဝင်လျှောက်ထားခဲ့ကြတယ်လို့ သိရပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါထိပ်သီးအစည်းအဝေးကို အခြားနိုင်ငံက အစိုးရအကြီးအကဲ ၅၀ ခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။