Trending Now

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျန်းမာရေးလုပ်သား ၆၄ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျန်းမာရေးလုပ်သား ၆၄ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၂၅

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျန်းမာရေးလုပ်သား ၆၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဇွန်လ ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၆၄ ဦး ရှိကြောင်း ဘာလီကျန်းမာရေးအေဂျင်စီ အကြီးအကဲ ကီတွပ်ဆူရာဂျာက ပြောသည်။

“လူနာရဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကို မသိရှိခဲ့တဲ့အတွက် တစ်ချို့ ကျန်းမာရေးလုပ်သားတွေက ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာပါ။ သွေးလွန်တုပ်ကွေးရှိတဲ့ လူနာတွေ၊ ရောဂါလက္ခာမပြသတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာတွေနဲ့ အကာအကွယ်ဝတ်စုံမပါဘဲ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံခဲ့ရပါတယ်” ဟု ၄င်းက ပြောသည်။

ဘာလီရှိ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများက မျက်နှာကာ၊ နှာခေါင်းစည်းနှင့် လက်အိတ်များ ပြည့်ပြည့်စုံစုံ အသုံးမပြုရပေ။ ထို့ကြောင့် လူနာများက ဆေးကုသမှုမခံယူမီ အမြန်စစ်ဆေးမှု ခံယူသင့်ကြောင်း ၄င်းက ပြောသည်။

လူနာများက ရောဂါအခြေနှင့် ခရီးသွားရာဇဝင်ကို မှန်မှန်ကန်ကန်ပြောပြသင့်ကြောင်း၊ လူနာများ လိမ် ညာမှုကြောင့် ကျန်းမာရေးဝန်ထမ်းအချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဝန်ထမ်း ၁၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းကြောင့် လာမည့်နှစ်ပတ်အတွင်း ဆေးရုံကို ပိတ်ထား ရမည်ဖြစ်ကြောင်း ဂါနီရှာဆေးရုံက ပြောသည်။

ဘာလီကျွန်းတွင် ယမန်နေ့ပက ပိုးတွေ့လူနာသစ် ၄၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ အတည်ပြု ဓာတ်ခွဲလူနာ ၁၁၅၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

–ကိုးကား–
ကိုကိုးနပ်စ်
Ref; 64 healthcare workers in Bali test positive for coronavirus: official


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။